ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတွေမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် ဒု-တပ်ရင်းမှူးအပါအဝင် စစ်သား (၂၀) ကျော် သေဆုံးခဲ့တယ်လို့သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၄)၊ ဗျူဟာ (၂၅)၊ အမှတ် (၇၈၀၃) တပ်ရင်း (အာဠာဝကစစ်ကြောင်း)၊ အမှတ် (၃၅၀၃) တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဧရာဝတီ အမှတ် (၃) တပ်ရင်း၊ အမှတ် (၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးခဲ့သလို၊ အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီး၊ တိုက်ပွဲများအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၃၀)ကျော်နဲ့ ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်များကို သိမ်းဆည်းရရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာမှ တရားဝင် ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

မြန်မာပြည်သူအပေါ် စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို အာဆီယံအနေနှင့် လျစ်လျူမရှုဖို့ NUG ပြော

မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

အရာတော်မြို့နယ်တွင် စစ်ကိုင်းအသံကို ထင်ဟပ်စေမည့် “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၆) ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ  ပြည်သူတွေနဲ့ ရဲဘော်တွေဆီ စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့က ဦးစီးထုတ်ဝေတဲ့ "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ်(၆) ကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) သင်တန်းဆင်းပွဲ…

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းမှာ ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ် ချက်ချင်းအရေးယူဆောင်ရွက်ချိန်တန်ပြီလို့ KHRW က တိုက်တွန်းတောင်းဆို

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ် ချက်ချင်း အရေးယူဆောင် ရွက်ရန်အချိန်တန်ပြီဖြစ်ကြောင်း  ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က အသိပေးထုတ်ပြန်ပါတယ်။