စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဧပြီလ ၃၀ရက်၊ မနေ့က​ နေ့လယ်ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိန်းမကားရဲစခန်းက စစ်အုပ်စုတွေဟာ သေနတ်တွေပစ်ခတ်ရင်း စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်က အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ထိမှန်ထားတဲ့ အရပ်သားတွေလည်းရှိနေပြီး အတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


” စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ်ဘက်ကို ဝက်လက်မြို့နယ်က တော်လှန်ရေးအဖွဲ့တွေ စစ်ကူမသွားနိုင်အောင် အယောင်ပြပြီး စမ်းထွက်ကြည့်တာထင်တယ်။ အနီးပတ်ဝန်းကျင်ရွာတွေကနဲ့ ရှိန်းမကားက လူတွေပါသွားတယ်။ ၁၀ယောက် ကျော်ကျော် ပါသွားမယ်။ အမျိုးသမီး အော်သံတွေပါ မနေ့ကကြားရတယ်။” လို့ ဝက်လက်မြို့နယ်ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖမ်းဆီးခဲ့သူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် ရှိန်းမကားရွာပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေပါဝင်ပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်ညနေပိုင်းကလည်း အထက်ပါတိုက်ပွဲနေရာတွေဆီ စစ်ကူပို့ပေးနေတဲ့ စစ်ကိုင်းတက္ကသိုလ်နဲ့ ကံတကူ ဂိတ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဟုမ္မလင်းအခြေစိုက် ခမရ (၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ(၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ Earthquake People’s Defence  Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်တွင် အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီ ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာအင်အားဖြည့်တင်းဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီကားတွေကို လမ်းပိုင်းတစ်နေရာကနေ​ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း TGYR-Youth Guerrilla Counter Revolution-NZ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများသလို တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်သေဆုံးမှု ရှိနေ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၆ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် တစ်ဦး သေဆုံး ၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက်မှ အထက်ဘက်ကိုဆန်တက် လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ဆီက သိရပါတယ်။
Read More

မင်းဘူးခရိုင်အတွင်း နယ်မြေရဲစခန်းတွေနဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းတွေအပါ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်၊ ဗုံးကြဲခံရတဲ့ ပွင့်ဖြူ၊ မဲဇလီရဲစခန်းမှ စစ်ကောင်စီတပ် ယာယီစခန်းစွန့်ခွာသွားရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နယ်မြေရဲစခန်းတွေနဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Earthquake People's Defence Force က ထုတ်ပြန်ထားပါတယ်။
Read More

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဧရာဝဏ်ရဲစခန်းဂိတ်ကင်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ဆေးလိပ်ထွက်သောက်သည့် ရဲ ၁ ဦး နေရာတင် သေပြီး ၂ ဦးဒဏ်ရာရ…

"အခုကာလအခက်အခဲတွေ ကြားတဲ့အတိုင်းပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ အစစ်ကြမ်းနေတာ ဒါပေမယ့်လည်း ကျနော်တို့က လုပ်တာပါပဲ။ အဲ့​တော့ပြည်သူတွေအနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းတဲ့အနေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေနား မသွားကြပါနဲ့။ တော်လှန်ပြည်သူတွေအားလုံးကျန်းမာကြပါစေ" လို့ Mother Son Yangon Force တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကိုပြောပါတယ်။