မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ဧပြီလ ၂၅ရက်က ပခုက္ကူခရိုင် Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းကို Earthquake People’s Defence Force၊ Thurain TR၊ Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Force စတဲ့အဖွဲ့ ( ၅ ) ဖွဲ့က ရဲဘော် အယောက် ( ၄၀ ) တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းမှာတော့ စစ်ပညာသင်တန်းအပြင် နိုင်ငံရေး သင်ခန်းစာ၊ CoCနှစ်ရပ်၊ ပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှု စတဲ့သင်ခန်းစာတွေကို ရက်ပေါင်း ( ၄၅ ) ရက်ကြာ သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင် Local တပ်ရင်းကို ဖွဲ့စည်းထားတာဟာ ပခုက္ကူခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်တင်ဖို့နဲ့ ပခုက္ကူခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ ( ၅ ) ဖွဲ့ တစ်စုတစ်စည်းတည်း ပေါင်းစည်းပြီး ပြည်သူအားကိုးရတဲ့ တပ်ရင်းတပ်ဖွဲ့ တစ်ခုအဖြစ် ပေါင်းစည်း ချီတက်ကာ ပျောက်ကြားစစ်ကနေ ပုံမှန်စစ်ကို ကူးပြောင်းရာမှာ တပ်ပုံစံကျဖို့ လိုအပ်တာကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပခုက္ကူခရိုင် အတွင်းရှိ Local တပ်ဖွဲ့တွေနဲ့ အခြားတော်လှန်ရေးအင်အားစုတွေလည်း ပခုက္ကူခရိုင် Local တပ်ရင်းကို ပူးပေါင်းစေချင်သလို အခုချိန်မှာ ကွဲပြားနေဖို့ မသင့်တော့ဘဲ တစ်စုတစ်စည်းထဲ အင်အား​​ကောင်းတဲ့ တပ်ရင်းတစ်ခုဖြစ်အောင် ပူးပေါင်းပါဝင်စေလိုတယ်လို့ ပခုက္ကူခရိုင် Local တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်စစ်မြေပြင်မှာ KNDF တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်စစ်မြေပြင်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လှော်ကားနယ်မြေရဲစခန်းထဲ ဝိုင်းဖွဲ့အရက်သောက်နေချိန် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင်မိသားစုဝင်တွေကို PDF ရဲဘော်တွေက ဟင်းချက်စရာအသီးအနှံတွေ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ဘေးရှောင်မိသားစု ၃၃ စုကို 'ဖွယ်ဖွယ်ရာရာ ဟင်းချက်စရာ ထောက်ပို့ကူညီပါ' အစီအစဥ်နဲ့ နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့ရတဲ့ ကျဆုံးရဲဘော်ညီနောင်အပေါင်းကို ရည်စူးကာ ဟင်းချက်စရာအသီးအနှံတွေကို မြို့နယ် PDF ၊ ပင်မ ပြန်ကြားရေးဌာနရဲ့ တပ်ခွဲ ရေခဲမြစ်ငယ်နွေက နိုဝင်ဘာလ ၂၄ ရက် ​ဒီနေ့မှာ သွားရောက် ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

ကျီကုန်းရွာ အရှေ့ခြမ်းနှင့်အနောက်ခြမ်းကို စစ်တပ်ဝင်ရောက်ပြီး ရွာခံအမျိုးသား ၁ဦးကို သတ်ကာ နေအိမ် ၁၀ လုံးကျော် မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းအရှေ့ရွာမှာ စစ်အုပ်စုက ရွာခံအမျိုးသား ၁ယောက်ကို သတ်ကာ နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုဟာ ကျီကုန်းအရှေ့ရွာထဲကို အင်အား ၇၀ ကျော်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ရွာခံအမျိုးသား ၄၄နှစ်အရွယ် ကိုမင်းနိုင်ဟာ ရှောင်တိမ်းဖို့ လုပ်ရင်းနဲ့ပဲ စစ်တပ်နဲ့ တိုးကာ ဖမ်းဆီးအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက ဒီမနက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ကလေးဝမြို့နယ်၊ အောင်ချမ်းသာစခန်းနှင့် မစိန်စခန်းတို့မှ စစ်သား (၁) ဦးနှင့် ပြည်သူ့စစ် (၁) ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ အောင်ချမ်းသာစခန်းနဲ့ မစိန်စခန်းတို့က စစ်သား (၁) ယောက်နဲ့ ပြည်သူ့စစ် (၁) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင် အမှတ် (၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။