ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ တိုက်ခန်းတစ်ခုမှာ အပုပ်နံ့ ထွက်နေတဲ့အတွက် ပတ်ဝန်းကျင်က သော့ဖျက်ပြီး ဝင်ရောက်ကြည့်ရှုရာမှာ သေဆုံးနေတဲ့ အလောင်း ၄ လောင်းနဲ့ အိမ်မွေးခွေး ၁ ကောင်ကို တွေ့ရှိခဲ့တယ်လို့ အိမ်နီးချင်း နီးစပ်သူထံက သိရပါတယ်။

သေဆုံးသူတွေဟာ အသက် (၃၀) နှစ်အရွယ် အမျိုးသား၊ (၂၅)နှစ်နဲ့ (၁၆)အရွယ် အမျိုးသမီး၊ အသက် (၈)နှစ်အရွယ် ကလေးငယ်နဲ့  အိမ်မွေးခွေး ၁ ကောင်တို့ ဖြစ်ကြောင်း သိရပါတယ်။

အလောင်းတွေ ပုပ်ပွနေတာကြောင့် သေဆုံးမှုဟာ ရက်အနည်းငယ်ကြာမြင့်နေပြီလို့ သုံးသပ်ကြပြီး မီးစက်ကထွက်တဲ့ မီးခိုးငွေ့တွေကြောင့် အသက်ရှုရပ် သေဆုံးရတာဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောဆိုကြပါတယ်။ 

Video – Taurus Tin

0 Shares:
You May Also Like
Read More

အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်း၏ အခြေခံစစ်ပညာ အပတ်စဉ် (၉) သင်တန်းဆင်းပွဲ (ရုပ်/သံ)

အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၉) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ လုံခြုံရေးစစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-ပြည်လမ်းပေါ်မှာ မတ်လ ၂၇ ရက်က ပြည်သူ့ကာကွယ်ရေး ဗျူဟာ (၂၂) ရဲဘော်တွေ လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force – Kanpetlet အလံတော်လွှင့်ထူ (ရုပ်/သံ)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force - Kanpetlet အလံတော်ကို လွှင့်ထူခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း၊ ဇီးကုန်းအနီးမှာ စစ်ကောင်စီစစ်ကြောင်း ၄ရက်ဆက် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း BTZM GBK PDF က တိုက်ပွဲမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် “No Vote” လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်က လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ "No Vote" လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပန်ဝါဒေသက BGF ဌာနချုပ်ရဲ့ ဆိုင်းဘုတ်ကို KIA ဖြုတ်ချ (ရုပ်/သံ)

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ ပန်ဝါမြို့မှာ နယ်ခြားစောင့်တပ် BGF ရဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။