မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၃၀ ရက် မနေ့က မနက်ပိုင်းမှာ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ပဇီကျေးရွာတပ်စခန်းကနေ ကားလမ်း လုံခြုံရေး လုပ်ဆောင်ဖို့ ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ ကပစ ၁၃ က စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၉ ယောက် ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို စစ်ကောင်စီတပ်ဆီက MA အမျိုးအစား လက်နက်ငယ် ၉ လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ CDF-Asho က ဆိုပါတယ်။

ငဖဲမြို့နယ်ရှိ ပဇီဘုန်းကြီးကျောင်းမှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်မ ၉၉ ၊ ကပစ ၂ ၊ ၁၀ ၊ ၁၃ နဲ့ ၁၄ က စစ်သားတွေ တပ်စွဲထားပြီး ပြည်သူတွေရဲ့ နေအိမ်တွေဆီက ပြည်သူပိုင်ပစ္စည်းတွေကို ထုတ်ယူရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့ CDF-Asho က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာ – မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၂ ရက်ကြာ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြောင်က ကျေးရွာတချို့ကို CDSOM အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတချို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

သန်းခေါင်စာရင်းကောက်နေသူ ၉ယောက်ကို လောင်းလုံး ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူနေတဲ့ လူ၉ ယောက်ပါတဲ့ အဖွဲ့ကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးပကဖ သတင်းပြန်ကြားရေးတာ၀န်ခံက အတည်ပြုပြောဆိုပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၆၁ ယောက် သေ

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း စစ်ကောင်စီနဲ့ တိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ဖြစ်ပွါးခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသနယ်မြေက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ ဟိုတယ်တစ်ခုတွင် အမျိုးသမီး ၁ဦးကို အပိုင်းပိုင်း ခုတ်သတ်ကာ အခန်းအပြင်ဘက် စွန့်ပစ်ခဲ့၊ စစ်အုပ်စုလက်အောက်တွင် ပြည်သူများ လုံခြုံမှုမရှိတော့ကြောင်း ဝေဖန်မှု မြင့်တက်နေ

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land Hotel မှာ အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကလေးမြို့နယ်ရှိ ကြံသာရွာ စစ်တပ်အခြေစိုက်စခန်းကို တော်လှန်ရေးတပ်များ အပြီးသတ် ချေမှုန်းသိမ်းပိုက်၊ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။