အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေရာ ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) မှာ အလုပ်သမားထုဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ NUG ယာယီသမ္မတက အခုလို ပြောဆိုခဲ့တာဖြစ်ပြီး စစ်ကောင်စီကို ILO ဥပဒေ Article 33 အရ အရေးယူရေးနဲ့ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

“စစ်အုပ်စုအား ILO Constitution, Article 33 နှင့် ထိရောက်ပြင်းထန်စွာ အပြစ်ပေး အရေးယူရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင် ပြည်သူ့အစိုးရအဖြစ် ILO ယန္တရားမှတဆင့် စတင် အသိအမှတ်ပြုမှုရရှိရေးတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထိုက်သင့်သည့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။” လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စု အာဏာ လုယူပြီးနောက် အခြေခံအလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ဆိုးရွားစွာ ဆုံးရှုံးနေပြီး အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခြင်း၊ ဝရမ်းထုတ်ခြင်း၊ ခရီးသွားလာခွင့်တွေ ပိတ်ပင်ခြင်းနဲ့ နိုင်ငံသားအဖြစ်ကနေ ရပ်စဲခြင်း၊ အလုပ်သမား သမဂ္ဂတွေကို ဖိအားပေးပြီး ပြန်လည်မှတ်ပုံတင်ခိုင်းခြင်း၊ ခေါင်းဆောင်တွေကို ပြန်လည် ရွေးချယ်စေခြင်း၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် မရှိခြင်းနဲ့ အဓမ္မစစ်သားစုဆောင်းခြင်းစတဲ့ တရားမဝင် လုပ်ရပ်တွေကို စစ်ကောင်စီက လုပ်ဆောင်နေခဲ့တာပါ။

အထက်ပါ လုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) ရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၈၇ (၁၉၄၈)နဲ့ အဓမ္မအလုပ်ခိုင်းစေမှု ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀)ကို လိုက်နာဖို့ ပျက်ကွက်မှုနဲ့ ချိုးဖောက်မှုတွေ ဖြစ်တယ်လို့ NUG ယာယီသမ္မတ က ဆိုပါတယ်။
ဒါ့ကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လမှာ ILO က လွတ်လပ်ပြီး တရားမျှတတဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (Commission of Inquiry on Myanmar-COI) တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး NUG အလုပ်သမားဝန်ကြီးဌာနဦးဆောင်တဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ကလည်း COI ရဲ့ လုပ်ငန်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

အလုပ်သမားတွေအပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နေ့စဉ် ကြုံတွေ့ခံစားနေရတဲ့ ကိုယ်၊ စိတ် ဒုက္ခမျိုးစုံဟာ အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှသာ ဆုံးရှုံးနေတဲ့ အခြေခံအခွင့်အရေးတွေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှရေး၊ အဘက်ဘက်ကနေ ယိုယွင်းနေတဲ့ တိုင်းပြည်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်မှာဖြစ်တယ်လို့လည်း ယာယီသမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မှာ စစ်တပ်လေယာဉ်နဲ့ ဗုံး အလုံး ၃၀ နီးပါး ကြဲချ၊ အရပ်သား ​၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်းအတွင်း တအာင်းတပ်မတော် TNLA နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ​၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား SSPP ဌာနချုပ်မှာ ကျင်းပ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှာ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကို စစ်ကူလာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄၀ ခန့်သေပြီး ၃၀ ခန့်အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကနေ အင်းတော်မြို့နယ်ဘက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအယောက် ၄၀ ခန့်သေဆုံးပြီး အယောက် ၃၀ ခန့်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စားသောက်ကုန်တွေ လှူဒါန်း (ဓာတ်ပုံသတင်း)

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ စစ်တောင်းမြစ်ဝှမ်းက ရေဘေးသင့်ပြည်သူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ရဲဘော်တွေဟာ စားနပ်ရိက္ခာတွေ ကူညီလှူဒါန်းခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။