စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဧပြီလ ၃၀ရက်၊ မနေ့က​ နေ့လယ်ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိန်းမကားရဲစခန်းက စစ်အုပ်စုတွေဟာ သေနတ်တွေပစ်ခတ်ရင်း စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်က အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ထိမှန်ထားတဲ့ အရပ်သားတွေလည်းရှိနေပြီး အတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


” စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ်ဘက်ကို ဝက်လက်မြို့နယ်က တော်လှန်ရေးအဖွဲ့တွေ စစ်ကူမသွားနိုင်အောင် အယောင်ပြပြီး စမ်းထွက်ကြည့်တာထင်တယ်။ အနီးပတ်ဝန်းကျင်ရွာတွေကနဲ့ ရှိန်းမကားက လူတွေပါသွားတယ်။ ၁၀ယောက် ကျော်ကျော် ပါသွားမယ်။ အမျိုးသမီး အော်သံတွေပါ မနေ့ကကြားရတယ်။” လို့ ဝက်လက်မြို့နယ်ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖမ်းဆီးခဲ့သူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် ရှိန်းမကားရွာပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေပါဝင်ပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်ညနေပိုင်းကလည်း အထက်ပါတိုက်ပွဲနေရာတွေဆီ စစ်ကူပို့ပေးနေတဲ့ စစ်ကိုင်းတက္ကသိုလ်နဲ့ ကံတကူ ဂိတ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အများပြည်သူ အချိန်နဲ့တပြေးညီ သိအောင် ထုတ်ပြန်ပေးဖို့အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အများပြည်သူတွေ အချိန်နဲ့တပြေးညီ သိအောင် ထုတ်ပြန်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေနဲ့အညီ အကြမ်းဖက်စစ်အုပ်စုကို ဒီနေ့ စက်တင်ဘာ ၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အလင်းဝင်မယ့် စစ်သား ၇ ယောက်ကို သွားခေါ်ရင်း ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ယောက် ပြန်လည်သက်သာလာ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်သား ၇ ယောက် အလင်းဝင်လာတာကို သွားရောက်ခေါ်ဆောင်ချိန် ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖာပွန်ဗျူဟာကုန်း အနီးတဝိုက် တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အင်အားကြီး အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ ဖာပွန်ဗျူဟာကုန်း အနီးတဝိုက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း တိုက်ပွဲဖော်ဆောင်မှုမှာ ပါဝင်တဲ့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံ ပြောဆို

ကိုးကန့်တပ်မတော် (MNDAA)နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံက ဇန်နဝါရီ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေပြီး၊ (၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်အတွက် ပြည်သူနဲ့တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ပျူခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ရင်း ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ ပျူစောထီးခေါင်းဆောင် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းရင်း မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကို ပြောပါတယ်။