တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ လဲရှောင်ကျေးရွာ ခြေတော်ရာဘုရား အနီး ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Launglone Peninsula Force ထံက သိရပါတယ်။

မတ်လ ၂၄ ရက် နံနက်ပိုင်းက နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ၈ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း(၃) တပ်ခွဲ-၇(LPF-လောင်းလုံးကျွန်းဆွယ်တပ်ခွဲ)၊ တပ်ခွဲ-၄ (KBDF)တပ်ခွဲ-၆(ဝေဟင်)၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းT1၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူ-ပကဖ)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်(TPLF)သာဂရစစ်ကြောင်း၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF)၊ DGRF၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နဲ့ ရွှေဘီလုံးတပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး မဟာအောင်မြေမြို့နယ် ကမ္ဘောဇဘဏ်မှာ လက်နက်ကိုင် ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၀၀၀ ကျော် ပါသွား (ရုပ်/သံ)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်းရှိ ကမ္ဘောဇဘဏ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ သေနတ်ကိုင်ဆောင်ထားသူ ၁ ယောက် ဝင်ရောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကြွယ်ပုံပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျုစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင် ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Wolf. (P.D.F) ထံက သိရပါတယ်။
Read More

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနား ( ရုပ်/သံ)

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနားအတွင်း ဂုဏ်ပြုတပ်ဖွဲ့က အမိန့်ပြန်တမ်းဖတ်ကြားနေတဲ့ ရုပ်သံမှတ်တမ်းကို BOB - Battalion Of Budalin က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ စွန့်ခွါထွက်ပြေးသွားတဲ့ မယ်လယုတပ်စခန်းကနေ လက်နက်ခဲယမ်းနှင့် စက်ယန္တရားတွေ ဝင်ရောက်သိမ်းဆည်း (ရုပ်/သံ)

ကရင်နီပြည် ရှားတောမြို့နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မယ်လယု တပ်စခန်းကနေ တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းနဲ့ စက်ယန္တရားတွေကို ဝင်ရောက်သိမ်းဆည်းခဲ့ပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၆ ဦး သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

သထုံခရိုင်အတွင်း KNLA ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား (ရုပ်/သံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။