တရုတ် (ဘေဂျင်း) အစိုးရအနေနဲ့ ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး၊ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေ၊ စစ်ကောင်စီကို အားပေးထောက်ခံနေတာတွေကို ရပ်တန့်ဖို့ သရုပ်ဆောင် ခါရာက တရုတ်ဘာသာစကားနဲ့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ဧပြီလ ၂၈ရက်နေ့က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

“ငါတို့‌တွေက ရန်သူတွေမဟုတ်ဘူး၊ ငါတို့အားလုံး တူညီတဲ့အခြေခံအခွင့်အရေးတွေကို လိုချင်ကြတယ်။ ငါတို့ကို အကာကွယ်ပေးတဲ့ အိုးအိမ်၊ ပညာအလင်းပေးတဲ့ကျောင်း၊ အကြောက်တရား ကင်းလွတ်စွာနဲ့ အိပ်စက်နိုင်ခြင်းတွေကို လိုလားတောင့်တပါတယ်” ဟု ခါရာက အစချီပြောခဲ့ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ‘အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး မူကို ကိုင်စွဲကတိပြုထားပေမဲ့၊ သင်ရဲ့ လုပ်ရပ်တွေကတော့ ဒီဂတိရဲ့ ဆန့်ကျင်ဘက်ကိုသာ သက်ရောက်နေပါတယ်။ သင် (တရုတ်နိုင်ငံ) ရဲ့ စစ်ကောင််စီအပေါ် ထောက်ခံနေမှုတွေကို ချက်ချင်း ရုပ်သိမ်းပေးပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာပြည်သူတွေကိုပဲ ဆုံးဖြတ်ရွေးချယ်ခွင့်ပေးပါ” လို့လည်း ခါရာက ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေး တောင်းဆိုမှုတွေမှာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အတူတကွ ရပ်တည်ပေးဖို့ကိုလည်း ခါရာက တိုက်တွန်းတောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက ဟောင်ဝှစ်ဇာအမြောက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက  ဟောင်ဝှစ်ဇာအမြောက် ၁ လက်ကို KNU လက်အောက်ခံ KNLA တပ်မဟာ(၅) က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျူကင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ပျူစောထီး ၂ ဦး သေပြီး ၆ ဦး ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အုန်းတောပျူရွာကင်းစခန်းကို ဝင်ရောက်စီး နင်းခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

ငါးမြှာကြီးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် လေယာဉ်နဲ့ အကြမ်းဖက်စစ်သားတွေဘက်ကို ဗုံးမှားကြဲချ (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါးမြှာကြီးရွာမှာ အောက်တိုဘာ ၂၀ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက်စစ်တပ်လေယာဉ်က အကြမ်းဖက် စစ်သားတွေဘက်ကို ဗုံးမှားကြဲချခဲ့တယ်လို့ Dog Killers People's Defence Force Myinmu အဖွဲ့ထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် ပိုင်ဖြိုးသု၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အကယ်ဒမီပိုင်ဖြိုးသုက မတရား ချုပ်နှောင်ခံထားရခြင်းကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်း စကား ပြောကြားခဲ့ပါတယ်။
Read More

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများမှတစ်ဆင့် သိရပါတယ်။
Read More

တော်လှန်အနုပညာရှင်ခါရာ

တော်လှန်အနုပညာရှင်ခါရာက မတရားဖမ်းဆီးချုပ်နှောင်မှုအောက်မှာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် တစ်ကမ္ဘာလုံးရှိ မြန်မာနိုင်ငံသားတွေအားလုံး ပူး ပေါင်းပြီး သတင်းဖြန့်ဝေပေးဖို့ နှိုးဆော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။