စစ်ကောင်စီရဲ့ အရေးပါတဲ့ လေတပ်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ တောင်ငူလေတပ်စခန်း (ကေတုမတီ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။

BWM နဲ့ မဟာမိတ်အဖွဲ့တွေဟာ မနေ့က ဧပြီလ ၃၀ ရက် မနက်အစောပိုင်းမှာ တောင်ငူရှိ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ပစ်ခတ်တိုက်ခိုက်ပြီးနောက် ည ၉ နာရီအချိန်မှာ တောင်ငူလေတပ်စခန်းကို ထပ်မံပစ်ခတ်တိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ပြီးတော့ အခုဟာက တောင်ငူလေတပ်ကို တိုက်ခိုက်တာပါ။ ထိခိုက်မှုအချို့သိထားပါပြီ။ အတည်ပြုချက်ရရင် ဆက်ကြေညာပေးပါ့မယ်” လို့ BWM ကတာဝန်ရှိသူ တစ်ယောက်က‌ မောင်းကို ပြောပါတယ်။

တောင်ငူလေတပ်စခန်းဟာ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းတောင်နဲ့ ပဲခူး အစရှိတဲ့ တောင်ပိုင်းတော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကို လေကြောင်းကနေ နေ့စဉ်မပြတ် ဗုံးကြဲတိုက်ခိုက်နေတဲ့ အဓိက လေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ နေပြည်တော် အေလာလေတပ်စခန်းကို ပြန်လည် ပြင်ဆင်နေချိန်မှာ တိုက်လေယာဉ်တချို့ကိုလည်း လက်ခံထားပေးပြီး တောင်ငူလေတပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်နေတာကြောင့် လေတပ်နှိမ်နင်းရေး မစ်ရှင်အဖြစ် BWM Mission 36 ကို ဖော်ဆောင်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကေတုမတီလေတပ်စခန်းကို ယမန်နေ့က ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်နေစဉ် (ဓာတ်ပုံ BWM)

0 Shares:
You May Also Like
Read More

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို KNU မှ အပြီးတိုင် ထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးနဲ့ တပ်မဟာ (၆) ဒူးပလာခရိုင်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောရွှေမောင်းတို့ကို KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီလို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက အတည်ပြုပြောဆိုပါတယ်။
Read More

ဘားအံ တောင်ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း (၂) ဦး သတ်ဖြတ်ရန် ကြံစည်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးမြို့နယ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကျော်ကျော်မြင်နဲ့ ကိုမင်းသူစိုးတို့ကို တခြား ရာဇဝတ်အကျဉ်းသားအုပ်စုက သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ရေတာရှည်မှာ ဂျမ်မာတွေ ဖျက်ဆီးဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ထိတွေ့တိုက်ပွဲဖြစ်.. စစ်အုပ်စု ရမ်းပစ်လို့ အရပ်သား ၁ ယောက် ခေါင်းထိမှန်သေပြီး ၂ ယောက်ဒဏ်ရာရ…

ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။
Read More

တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ယင်းမာပင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ကာ ဒေသခံလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၆) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း (Myingyan Black Tiger-MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။