မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်က ပြည်ပကိုသာ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားနေတဲ့အတွက် ပြည်တွင်းမှာ အလုပ်သမားရှားပါးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာသာ လုပ်ကိုင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

တိုင်းနဲ့ ပြည်နယ်အချို့မှာ Job Fair တွေ ကျင်းပပြီး One Stop Service နဲ့ အလုပ်ခန့်နိုင်ရေး အလုပ်ရှင်တွေနဲ့ ပူးပေါင်းစီစဉ်ပေးနေသလို Labour Exchange Management System ရေးဆွဲကာ ဝက်ဆိုဒ်မှာ လွှင့်တင်ပေးထားပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေမှာ အလုပ်သမားဥပဒေပါအကျိုးခံစားခွင့်တွေ ရရှိရေးနဲ့ လုပ်ငန်းဘေးအန္တရာယ်ကင်းရှင်းရေးတို့ကိုလည်း ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

ပြည်ပကို အလုပ်သမားစေလွှတ်ရာမှာ လစာနဲ့ အကျိုးခံစားခွင့် ကောင်းတဲ့နိုင်ငံတွေကို ဦးစားပေးစေလွှတ်တဲ့အပြင် သတ်မှတ်ကာလပြည့်လို့ ပြန်ရောက်လာတဲ့ အလုပ်သမားအရေအတွက်နဲ့ ပြန်လည်စေလွှတ်မယ့် အရေအတွက်ကို နှိုင်းယှဉ်ပြီး ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့လည်း မိသားစုတွေဆီကို စစ်ကောင်စီရဲ့ ငွေလွှဲလမ်းကြောင်းကနေသာ ငွေလွှဲပို့ဖို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား ပြည်ပကို ထွက်ခွာနေသလို အာဏာသိမ်းပြီးနောက် အလုပ်သမားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ စုဝေးစည်းရုံးခွင့်၊ အသင်းဖွဲ့စည်းခွင့်၊ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေကို နည်းလမ်းမျိုးစုံနဲ့ စစ်ကောင်စီက နှိပ်ကွပ်ထားတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုအဖွဲ့က မေလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြောက်ပိုင်းမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး ဒုရဲ​အုပ်အပါအဝင် ၂ ယောက်သေကာ ပျူအများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ဒုရဲအုပ် ၁ယောက် အပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွား​ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

၂၀၂၆ ခုနှစ်အစတွင် အဆင့်မြင့်ပညာကျောင်းနှင့် ဆေးတက္ကသိုလ်များကို ဖွင့်လှစ်ရန် စီစဉ်နေဟု ဒေါက်တာဇော်ဝေစိုးပြော

“အခုဆိုရင် မြေပြင်ပညာရေးဝန်ကြီးရုံး ၊ မြေပြင်ကျန်းမာရေးဝန်ကြီးရုံး ရှိပါတယ်။ တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး အကောင်အထည်ဖော်မှုတွေကို မြေပြင်မှာရှိတဲ့ဆရာ၊ ဆရာမတွေ၊ မြေပြင်မှာရှိတဲ့ ပညာရေးဝန်ဆောင်မှုတွေကို ပေးနေတဲ့ တော်လှန်ရေးအစကတည်းက အခုချိန်ထိပေးနေတဲ့ CDM ဆရာ ၊ဆရာမတွေ အင်အားစုတွေ့နဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ဆိုရင် CDM ကျန်းမာရေးစောင့်ရှောက်တဲ့သူတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တွေ့ဖြစ်တယ်.. တိုင်ပင်တယ်၊ ကျနော်တို့ရဲ့ လွတ်မြောက်ဒေသမှာရှိနေတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးကျန်းမာရေး ၊ ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးပြီး တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ် ” လို့ ဒေါက်တာဇော်ဝေစိုးက ဆက်ပြောပါတယ်။
Read More

PDF နဲ့ ပကဖတွေက စိုးမိုးနယ်မြေတွေအတွင်း အပတ်စဥ်ထုတ် စစ်သတင်းလွှာ ဖြန့်ဝေနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်အနေနဲ့ စိုးမိုးနယ်မြေတွေအတွင်း အင်တာနက်ပြတ်တောက်နေတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ သတင်းအချက်အလက် ရရှိစေဖို့ စစ်သတင်းလွှာကို အပတ်စဥ် ထုတ်ဝေဖြန့်ချိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ပေါင် ၅၀၀ ဗုံး ကြဲချလို့ ပြည်သူ (၈) ဦး သေဆုံး၊ (၇) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၇) ယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။