ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) မှာ ထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးဟာ လူတိုင်းအတွက် လုံခြုံမှုရှိပြီး တရားမျှတတဲ့၊ တန်းတူညီမျှ ဆက်ဆံတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံသလို လုပ်ငန်းခွင်တိုင်းမှာ “ဂုဏ်သိက္ခာ၊ လေးစားမှုနှင့် တရားမျှတမှု” ရှိစေရမယ်ဆိုတာဟာ အလုပ်သမားတိုင်း ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးဖြစ်တယ်လို့ လက်ခံယုံကြည်ကြောင်း ပြောဆိုထားပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ကရင်အမျိုးသားအစည်းအရုံးက ကမ္ဘာအနှံ့ရှိ အလုပ်သမားတွေရဲ့ ခွန်အား၊ သည်းခံမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို အသိအမှတ်ပြုဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဟာ အလုပ်သမားအခွင့်အရေးတွေ ရရှိအောင် ဆန္ဒပြတောင်းဆိုခဲ့တဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့အပြင် ဒီနေ့အထိ အဆိုပါကြိုးပမ်းမှုတွေကို ပြန်လည်အောက်မေ့ဂုဏ်ပြုတဲ့ တန်ဖိုးရှိတဲ့နေ့တစ်နေ့လည်း ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် စုပေါင်းအင်အားနဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေကနေ ရရှိခဲ့တဲ့ တိုးတက်မှုရလဒ်တွေဟာ ရှေ့ဆက်ရပ်တည်ရမယ့် စိန်ခေါ်မှုတွေဖြစ်သလို လုပ်ငန်းခွင် အကျိုးအမြတ်ထက် လူ့အခွင့်အရေးကို အသားပေးပြီး အလုပ်သမားတွေရဲ့ အနစ်နာခံပေးဆပ်မှုကို အထူးတန်ဖိုးထားတဲ့ စီးပွားရေးစနစ်တစ်ခု တည်ဆောက်သွားမယ်လို့ ကတိကဝတ်ပြုကြောင်း KNU က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

မတ်လ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပြု 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မတ္တရာမြို့နယ်မှာ မြို့နယ်ပကဖ က ကာကွယ်ရေးဝန်ကြီးဌာနထုတ် စစ်သတင်းလွှာများကို ဖြန့်ဝေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဥ် ထုတ်ဝေတဲ့ စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်တွင် စစ်တပ်ဂိတ်စခန်းများကို မြင်းခြံခရိုင် တပ်ရင်း (၃) တပြိုင်တည်း စီးနင်းတိုက်ခိုက်၊ စစ်သားအလောင်း ၃ လောင်း တွေ့ရှိကာ ဂိတ်များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာတင်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။