မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းကနေ အင်အား ၁၅၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ထန်းဆယ်ပင်ကျေးရွာအနီး အသင့်စောင့်ဆိုင်းကာ တစ် ရက်လုံးနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ရေစကြိုမြို့ပေါ်ရှိ စုပေါင်းရုံးကနေ လက်နက်ကြီးပစ်ကူ ပေးခဲ့ကာ အကြမ်းဖက်စစ်သားတွေ ထန်းဆယ်ပင်ကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာချိန်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်ပကဖနဲ့ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ရေစကြိုမြို့နယ်ပကဖရဲ့ ခွဲမှူးရဲဘော် ၁ ယောက် ကျည်ထိမှန် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း အကြမ်းဖက်ဖစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ngazun မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းလက်ပံရွာအနီး အကြမ်းဖက်စစ်တပ်နှင့် KNU တို့ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မင်းလက်ပံရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ နိုဝင်ဘာ ၃၀ ရက်ညပိုင်းက တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူများက ဗိုလ်ချုပ်ကြေးရုပ်မှာ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူများက မွေးနေ့ဆုတောင်းပွဲပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
Read More

အမှတ် ၂ စစ်ဒေသခွဲ တိုင်းစစ်ဌာန(ရန်ကုန်) P25102 တပ်ရင်းက သင်တန်းသားရဲဘော်တွေရဲ့ ပုံရိပ်များ (ရုပ်/သံ)

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ရန်ကုန်) P25102 တပ်ရင်းမှာ အခြေခံစစ်ပညာတက်ရောက်သင်ယူနေတဲ့ ရဲဘော်တွေရဲ့ ပုံရိပ်ကို အိမ်ပြန်လမ်းပေါ်က ခြေလှမ်းများခေါင်းစဉ်နဲ့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

စစ်သား ၉ယောက် သေပြီး ၄ယောက်ဖမ်းမိတဲ့ အောင်သပြေဂူကုန်း စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့မှု (ရုပ်/သံ)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အောင်သပြေကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို KNDF ဗျူဟာအမှတ်-၂ က ထုတ်ပြန်လိုက်ပါတယ်။