မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁ ရက်ကနေ ၃၀ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၈) ယောက်နဲ့ အမျိုးသား (၄၈) ယောက် စုစုပေါင်း (၉၆) ဦး သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၂၁) ယောက် ပါဝင်သလို (၇၂) ယောက်ဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက (၃၇) ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မန္တလေးတိုင်းက (၁၂) ယောက်နဲ့ သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက် ညပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကြို့ကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ Paramotor နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၂ ယောက် ဗုံးစထိမှန် သေဆုံးခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာသိမ်းချိန်ကစလို့ ဧပြီလ ၃၀ ရက် ဒီနေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သား ပြည်သူစုစုပေါင်း (၆၅၈၉) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝေါ်လေဒေသ စစ်ကောင်စီတပ် ဥကရစ်ထစခန်း၏ ကာကင်းစခန်း (ရွှေအေးမြိုင်တပ်စခန်း) ကို KNU တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ် ၊ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်ရှိ ဝါးမီထခေါ် ရွှေအေးမြိုင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြင်းမူမှာ ဝန်ထမ်းအိမ်ရာဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင် ကျရှုံးရင် ရိုးရာပွဲတော်တွေ ပျော်ရွှင်ခမ်းနားစွာ ကျင်းပနိုင်မှာဖြစ်လို့ တော်လှန်ရေးမှာ ဆက်လက်ဝန်းရံပေးဖို့ ဒီပါ၀လီနေ့မှာ CRPH သဝဏ်လွှာပေးပို့

စစ်အာဏာရှင် ကျရှုံးရင် ဘာသာရေးဆိုင်ရာ ရိုးရာပွဲတော်တွေကို ပိုမိုပျော်ရွှင်စွာကျင်းပနိုင်မှာ ဖြစ်လို့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဟိန္ဒူဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ  မီးထွန်းပွဲတော် ဒီပါဝလီနေ့ အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကသဝဏ်လွှာပေးပို့ဆုတောင်းလိုက်ပါတယ်။
Read More

စစ်ရေးအရ ရှုံးနိမ့်မှုများကို တန်ပြန်ရန် စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်စွာ စစ်သားစုဆောင်းနေ၊ လူငယ် ၇၀၀၀၀ နီးပါးကို စစ်သားသစ်စုဆောင်းထားဟု NUG ပြော…

"လိုအပ်တဲ့အရေအတွက် မပြည့်မီပါက ဗဟိုအဖွဲ့က သတ်မှတ်ပေးထားတဲ့ နည်းလမ်းတစ်မျိုးမျိုးနဲ့ ရွေးချယ်နိုင်ကြောင်း မိသားစုအတွင်း စစ်မှုထမ်းသူ ရှိနေလင့်ကစား ကျန်အကျုံးဝင်သူတွေကိုလည်း ခေါ်ယူမှာ ဖြစ်ကြောင်း၊ စစ်မှုထမ်းဖို့ ပျက်ကွက်ပါက မိသားစုဝင်တွေကိုပါ အရေးယူမှာဖြစ်ကြောင်း စစ်မှုထမ်းပြီးသူတွေအပါအဝင် ဘယ်သူ့ကိုမဆို အရေးပေါ်အခြေအနေ အကြောင်းပြချက်နဲ့ ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွင့်ကိုလည်း တားမြစ်နိုင်ကြောင်း၊ စစ်သင်တန်းပြီးပါက စစ်ကောင်စီ စေလွှတ်မယ့် နေရာတွေကို သွားရမှာဖြစ်ကြောင်း စတဲ့ အချက်တွေနဲ့ ထင်ရာစိုင်းပြီး နိုင်ငံသားတွေအပေါ် ရက်စက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်လက်ပါးစေ အကြမ်းဖက်စစ်တပ်ကို အင်အားဖြည့်တင်းလျက်ရှိပါတယ်။" လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ဆိုပါတယ်။
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုနယ်ကနေထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွား၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ခန့်ဒဏ်ရာရပြီး လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရရှိ

"ဝက်လက်မြို့နယ်အတွင်းကို စတင်ဝင်လာပြီးတော့ ညနေပိုင်းမှာ ထိတွေ့တိုက်ခိုက်မှုဖြစ်တယ်၊ စခ ၂၀ ဦးခန့် ဒဏ်ရာရရှိတယ်လို့ သိရပြီး ညခင်းပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားတယ် ၊ ကျနော်တို့ဘက်က အထိခိုက်မရှိဘူး" လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။