လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က နေပြည်တော် တဝိုက်မှာ ဂျိုင်ရိုကော်ပတာ တစ်စီး ပျံသန်းနေမှုကို စတင်မှတ်တမ်းယူနိုင်ခဲ့ပြီး ဧပြီ ၂၄ ရက်မှာလည်း မကွေးမြို့တဝိုက်မှာ ဂျိုင်ရိုကော်ပတာ နှစ်စီး ထပ်မံပျံသန်းခဲ့ကြောင်းကို စစ်ကောင်စီရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ “ဝေဟင်” အဖွဲ့က ဆိုထားပါတယ်။

“ဂျိုင်ရိုကော်ပတာက ပန်ကာအကြီး(အပေါ်) နဲ့ ပန်ကာအသေး(အနောက်) ပါဝင်တယ်။ ပန်ကာအသေးက အင်ဂျင်နဲ့ချိတ်ဆက်ထားပါတယ်။ ယာဉ်ကို ရှေ့ကိုသွားအောင် တွန်းအား thrust ပေးပါတယ်။ ပန်ကာအကြီးကတော့ အင်ဂျင်မလိုဘဲ လေတွန်းအားနဲ့တင်လည်ပြီး ယာဉ်ကို လေထဲတက်နိုင်အောင်၊ လေထဲပျံနိုင်အောင် လုပ်ပေးပါတယ်။ အင်ဂျင်ပါတဲ့အတွက် လောင်စာလိုပါတယ်” လို့ စစ်ကောင်စီအသုံးပြုတဲ့ စစ်လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 က မောင်းကို ပြောပြပါတယ်။

အင်ဂျင်ပါတဲ့အတွက် လောင်စာဆီကို အသုံးပြုရပေမယ့် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ထက်စာရင် လောင်စာဆီဖိုး ငွေကုန်ကြေးကျ သက်သာတာကြောင့် နောက်ပိုင်းမှာ ဂျိုင်ရိုကော်ပတာယာဉ်တွေကို ပိုပြီး အသုံးပြုသွားနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။

“ဂျိုင်ရိုကော်ပတာယာဉ်တွေက စက်သေနတ်ကြီးတွေကိုပါ တပ်ဆင်ပြီး ပစ်ခတ်လို့ရတယ်။ အချိန်ကြာကြာပိုပြီးတော့ ပျံနိုင်တယ်။ အားနည်းချက်ကတော့ ယာဉ်နဲ့ Body ကို ပေါ့ပါးအောင် လုပ်ထားတော့ လက်နက်ငယ်တွေရဲ့ ဒဏ်တွေကိုတောင် သူက မခံနိုင်ပါဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ဆိုပါတယ်။

အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေဟာ ဗုံးချရုံလောက်သာ အသုံးပြုနိုင်တာကြောင့် နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာတွေကို ပိုမို အသုံးပြုလာနိုင်ကြောင်း သူက ဆိုထားပါတယ်။

စစ်ကောင်စီဟာ ငွေကုန်ကြေးကျများတဲ့ စစ်သုံးစာရိတ်တွေကို လျှော့ချရာမှာ လေကြောင်းတိုက်ခိုက်မှုမှာ သုံးတဲ့ လေယာဉ်တွေအစား စက်တပ်လေထီး (Paramotor) ၊ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို အစားထိုး အသုံးပြုလာနေတာပဲ ဖြစ်ပါတယ်။

 စစ်သုံးဂျိုင်ရိုကော်ပတာများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ကော့ကရိတ် မြောက်ပိုင်းနှင့် ဖလူးဒေသတွင် တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းနဲ့ မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေကိုပါ အသုံးပြုတိုက်ခိုက် နေတယ်လို့ မြေပြင် သတင်း အရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အကျအဆုံးများစွာ ရင်ဆိုင်နေရသည့် စစ်တပ် ပြည်သူကို ပိုမို ဦးတည်တိုက်ခိုက်လာဟု AA ပြော၊ ပြည်သူများ စစ်ရေးသတိ အမြဲရှိနေကြဖို့ တိုက်တွန်း

မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေ စစ်ရေးသတိ အပြည့်အဝနဲ့ သတိထားနေထိုင်ကြဖို့ အာရက္ခတပ်တော် AA ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြည်သူ ၃.၄ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ရေဦးလမ်းပိုင်းမှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာ(၂) စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာအပြင်းအထန်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ​ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၄) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကားများကို ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ အရာရှိအပါ ၅ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်၊ စစ်ကိုင်း-မုံရွာ -ရွှေဘိုလမ်းပေါ်မှာ အရပ်သားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါ အကြမ်းဖက်စစ်သား ၅ယောက်သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။