မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲ ဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၀ ရက်မှာ ပခုက္ကူမြို့ကလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ရေစကြိုက စစ်တပ်စစ်ကြောင်းတို့ ပေါင်းကာ အင်အား ၁၅၀ ခန့်နဲ့ ရေစကြိုမြို့နယ် ကြူရွာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက် လာပြီးနောက် ဗလဘကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာချိန် ရေစကြိုတပ်ပေါင်းစု ရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေ အထိနာသွားပြီး ကြူရွာအတွင်း ပြန်လည်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီ‌နောက် ဧပြီ ၂၁ ရက်မှာ ဗလဘကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုးလာပြီး တော်လှန်ရေး တပ်တွေနဲ့ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မြေပြင်ရော ဝေဟင်ကနေပါ သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတဲ့ အတွက် တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်သားတွေ အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ကာ ရေစကြိုတပ်ပေါင်းစု ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အခြား ရဲဘော် ၃ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု၊ ပခုက္ကူခရိုင် တပ်ရင်း(၂၊၃၊၁၀)၊ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)၊  ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ (ပ.က.ဖ)၊

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ ကမ္မတပ်ပေါင်းစု၊ နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမေ့လက်ရုံးပြောက်ကျားတပ်၊ ဒေါင်းညီနောင်နဲ့ Wolf Brothers Burma Revolution Ranger တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဗလဘကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီး ဧပြီ ၂၂ ရက်မှာ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စက်တင်ဘာလ ဘုတလင်မြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဝန်ခံချက် (ရုပ်/သံ)

"ကျနော်တို့အမေတွေအဖေတွေအရွယ်တွေလောက် ရှိပါတယ်။ ကျနော်တို့ သူတို့အပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာတွေ၊ ဖမ်းခေါ်ပြီးတော့ အပြစ်မရှိဘဲနဲ့ အော်ဟစ်ရမ်းတာတွေ၊ မတရားသဖြင့် အိမ်တွေမီးရှို့တာတွေက ကျနော်တို့လည်း အကြီးအကဲတွေရဲ့ တပ်မတော်စစ်ဗိုလ်တွေရဲ့ အာဏာပေးမှုကြောင့်မို့ အမိန့်နာခံခဲ့ရတာပါ။ ကျနော်တို့လည်း မဖြစ်မနေလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက်လည်း အားလုံးကို ဝန်ချကန်တော့ပြီးတော့ တောင်းပန်ချင်ပါတယ်ဗျ"
Read More

စစ်ကောင်စီတပ်သားကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်သားကို စနိုက်ပါနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ဖော်ပြထားပါတယ်။
Read More

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက်အခမ်းအနားကျင်းပ (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၇ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို အမှတ် - ၁ စစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျောင်းသားခေါင်း‌‌ဆောင် ကိုဂျင်မီရဲ့ မွေးနေ့အထိမ်းအမှတ် ပြည်သူများထံ တော်လှန်ရေးသတင်းစကားများ ဖြန့်ဝေ (ရုပ်/သံ)

ရန်ကုန်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီရဲ့ မွေးနေ့ အထိမ်းအမှတ် ဖေ‌ဖော်ဝါရီ ၁၃ ရက် မနေ့က ဦးအောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများပေါ် တော်လှန် ရေးသတင်းများ ရေးသားပြီး ပြည်သူတွေထံ ဖြန့်ဝေခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။