မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ က ဦးဆောင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံ ရပ်ရွာလူထုကို သင်တန်း ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းမှာ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ NUG အစိုးရက ပြဌာန်းထားတဲ့ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးမူဝါဒနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ အကြီးမားဆုံး ချိုးဖောက်မှု (၆) ရပ် စတာတွေကို ကိုးကားပြီး ပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်ခဲ့တဲ့ သင်တန်းသူ ၁ ယောက်က “မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ စာချုပ်တွေ၊ ကလေးတွေကိုကာကွယ်ပေးတဲ့ စာချုပ်တွေ၊ ကျွန်မတို့အပေါ်မှာ ချိုးဖောက်ခံရရင်လည်း တိုင်ကြားနိုင်တဲ့ ယန္တရားတွေရှိမှန်းလည်း မသိခဲ့ဘူး။အခုလိုဆရာမတို့ ပြောပြမှ သိခဲ့ရတယ်၊ ကျမတို့မှာ အခွင့်အရေး ဆိုတာ ဘာမှန်းမသိလောက်အောင် ချိုးဖောက်ခံနေရတာတွေ ခုမှသိလာရတယ်၊ ခုလိုမျိုး ကာကွယ်ပေးတာတွေ ရှိမှန်းသိလာတော့ ကျွန်မတို့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ တွေ၊ အကြမ်းဖက်ခံရတာတွေကို တိုင်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းသိရတာနဲ့တင် စိတ်လုံခြုံမှုတွေ ခံစားရပါတယ်” လို့ ပြောကြားခဲ့ကြောင်း NUG က သတင်းဖော်ပြထားပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာသင်တန်းကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ရပ်ရွာဒေသခံ ပြည်သူလူထု သင်တန်းသား အယောက် (၂၁၀) တက်ရောက်ခဲ့ပြီး သင်တန်းသားတွေက အပြန်အလှန်မေးခွန်းတွေ မေးမြန်းကာ ဆွေးနွေးဖလှယ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ထိုင်းနှင့်ပေါင်းပြီး နှိမ်နင်းမည်ဟု အဆိုပါ ကျားဖြန့်များရဲ့ မြေရှင် စောချစ်သူ ကတိပေး

ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီမဟာမိတ် ကရင်နယ်ခြားစောင့်ခေါင်းဆောင် စောချစ်သူက ကတိပေးလိုက်ပါတယ်။
Read More

မကြည်ပြာ နှင့် ခင်ပွန်းတို့အား စုံစမ်းစစ်ဆေးမှု ၁ လ ကျော်ကြာလာသောကြောင့်  ထုတ်ပြန်ပေးရန် NUG အစိုးရကို Queer အဖွဲ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကာလ ၁ လကျော်ကြာသွားပြီးဖြစ်တဲ့အတွက် NUG အစိုးရအနေနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးဖို့ Queer အဖွဲ့အစည်းများက တိုက်တွန်းလိုက်ပါတယ်။
Read More

မြကန်သာ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်၊ ပျူတစ်ယောက် သေကာ ကျန်တဲ့ပျူတွေကို စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေး

ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၈)တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ၂၇ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်အစပိုင်း ၂ လကျော်ကြာချိန်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်ထား

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အ‌ရေးချိုးဖောက်မှု ဖြစ်စဥ်ပေါင်း ၂၂၆၇၅ ခု ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းစံပြကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ကြိမ် တိုက်ပွဲဖြစ်ပွား၊ အရာရှိ ၁ ဦးအပါ စစ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းစံပြကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်က အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (Fire Dragon) က ဒီနေ့ ထုတ်ပြန်ပါတယ်။