မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သူနဲ့ အလုပ်အတူ တွဲလုပ်ဖူးသူ လုပ်ဖော်ကိုင်ဖက်တွေထံက သိရပါတယ်။

ကိုသန်းထိုက်မြင့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ သူရဲ့ နေအိမ်ရှိရာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“သူက လွတ်‌မြောက်နယ်မြေကနေ အလုပ်လုပ်နေတာပေါ့။ အဲ့ကနေမှ သူ့အမျိုးသမီး မီးဖွားမယ်ဆိုပြီး ခဏပြန်သွားတာပေါ့နော်။ ပြန်သွားပြီး သူ့အိမ်မှာ ခဏနေနေတဲ့ အချိန်မှာကို အဖမ်းခံလိုက်ရတာပါ၊ နဂိုကလည်း ထောင်တစ်ခါကျထားဖူးသူဆိုတော့ ကြည့်ရတာ ဒလန်ကြောင့်ပဲ ထင်ပါတယ်”လို့ မြေလတ်အသံ အယ်ဒီတာက မောင်းကို ပြောပါတယ်။

ကိုသန်းထိုက်မြင့်ဟာ မြေလတ်အသံသတင်းဌာန သတင်းထောက်အဖြစ် ၂၀၂၄ ဇွန်လမှာ စတင်လုပ်ကိုင်ကာ သူဖမ်းဆီးမခံရခင် ဇန်နဝါရီလအထိ သတင်းတွေ ရေးသားဖော်ပြခဲ့သူပါ။ ၂၀၂၁ ခုနှစ်အတွင်း ပုဒ်မ ၅၀၅(က)နဲ့ ပထမအကြိမ်ဖမ်းဆီးထောင်ချခံခဲ့ရကာ ၂၀၂၂ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်တယ်လို့ မြေလတ်အသံ သတင်းဌာနက ဖော်ပြထားပါတယ်။

ဒုတိယအကြိမ် ဖမ်းဆီးခံရပြီးတဲ့နောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီတပ်တွေက မြန်အောင်အခြေစိုက် ခလရ ၅၁ တပ် စစ်ကြောရေးမှာ ၇ ရက်ခန့် ရိုက်နှက်စစ်ဆေးခဲ့ပြီး မြန်အောင်မြို့ရဲစခန်းအချုပ်ကို ပို့ဆောင်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် အခုဧပြီလ အစပိုင်းမှာ ပုဒ်မ ၅၂ (က) နဲ့ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

မလိဝမ်းရဲစခန်းနှင့် အမှတ် (၅၈၂) ခြေမြန်တပ်ရင်းကို ကော့သောင်း ပကဖ တိုက်ခိုက်၊ စစ်တပ်အရာရှိတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ မလိဝမ်းရဲစခန်းနဲ့ အမှတ်(၅၈၂)ခြေမြန်တပ်ရင်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်မယ်…

ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်သွားမယ်လို့ Chinland Defense Force - Civic Defense Militia - Siyin (CDF-CDM-Siyin) က ထုတ်ပြန်ထားပါတယ်။
Read More

သတင်းထောက်လှမ်းနေတဲ့ အရပ်ဝတ် စစ်သားကို ရေးဘီလူး အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်လမ်းဝအနီးမှာ သတင်းထောက်လှမ်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက်ကို ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာရုံးများကို တိုက်ခိုက်…

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရားအောက်ရှိ ဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရိက္ခာရှာထွက်သည့် ကန်နီရွာက စစ်အုပ်စုများ စောင့်ကြိုပစ်ခတ်ရာ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ ကန်နီကျေးရွာရှိ စစ်တပ်စခန်းကို စစ်အုပ်စုတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။