အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ပြီး ဒေသအလိုက် လွတ်မြောက်မှုကနေ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရရဲ့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မဟာဗျူဟာနည်းလမ်း ၆ ခုရဲ့ ပထမဆုံးအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထုရဲ့ စဉ်ဆက်မပြတ် ထောက်ခံပါဝင်မှုကို ထိန်းသိမ်းမြှင့်တင်တာ၊ ဒုတိယအနေနဲ့ နိုင်ငံခြားရေးနည်းလမ်းအရ မြန်မာပြည်သူတွေ ဆင်နွှဲနေဆဲ တော်လှန်ရေး အပေါ် နိုင်ငံတကာရဲ့သိရှိနားလည်မှုနဲ့ အားပေးထောက်ခံမှုတိုးတက်ရရှိအောင် ဆောင်ရွက်တာတို့ဖြစ်တယ်လို့ ဆိုပါတယ်။

တတိယအနေနဲ့ စစ်ရေးနည်းလမ်းအရ တပ်မတော်ကို Chain of Command & Code of Conduct ဆိုတဲ့ CoC နှစ်ရပ်နဲ့ တိုက်စွမ်းရည် အားကောင်းအောင် တည်ဆောက်လျက် ဗျူဟာမြောက် တိုက်ပွဲဝင်တာနဲ့ စတုတ္ထအနေနဲ့ကတော့ အုပ်ချုပ်ရေးနည်းလမ်းအရ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို တရားဥပဒေနဲ့အညီ စီမံ ဆောင်ရွက်တာ၊ Legality အခြေခံနဲ့ ပိုပြီးစနစ်ကျအောင် ထိန်းကျောင်းကြပ်မတ်တာနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်တာတွေ ဖြစ်ပါတယ်။

ပဉ္စမအနေနဲ့ ဘဏ္ဍာရေးနည်းလမ်းအရ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရံပုံငွေကို စဉ်ဆက်မပြတ်ဖြည့်တင်းနိုင်ဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘဏ္ဍာရံပုံငွေရလမ်းတွေ ဖြတ်တောက်ဖို့ ဆောင်ရွက်တာနဲ့ ဆဋ္ဌမအနေနဲ့ လူထုဆက်ဆံရေးနည်းလမ်းအရ ပြည်သူ့တော်လှန်ရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြည်သူလူထုနဲ့ နိုင်ငံတကာက ကောင်းစွာနားလည်သိရှိနိုင်ဖို့ဆိုတဲ့ မဟာဗျူဟာနည်းလမ်းတွေကို လုပ်ဆောင်နေတယ်လို့ NUG က ဆိုပါတယ်။

အဆိုပါ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ပြီး ဒေသအလိုက်လွတ်မြောက်မှုကနေ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတာ​ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမြို့နယ်ထဲက ၁၀ ရက်ကြာတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၅၅ ယောက် ထိခိုက်သေဆုံး

“ကိုယ့်ဖက်က ရဲဘော်တွေ အထိခိုက်မရှိပါဘူး၊ တိုက်ပွဲအတွင်း ထုတ်ပြန်ချက်ထဲမှာတော့ပါတယ်၊ စခ တွေက အင်အားဖြည့်တင်းတာထက် စစ်ကြောင်းတွေ ပိုမိုလုပ်ရှားလာတာတွေရှိတယ်၊ နယ်မြေအနေအထားအရတော့ ကျတော်တို့ပြောလို့မရဘူး၊ လောလောဆယ် ပေါက်ခေါင်းမြို့နယ်ထဲက သူတို့ရဲ့စစ်ကြောင်းပေါ်မှာကြည့်ပြီး တိုက်ပွဲတွေက စစ်ကြောင်းလှုပ်ရှားမှု ရှိရင်ရှိသလို ဖြစ်လာနိုင်ပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း (၂) သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်များ မတိုက်ခိုက်မီ ဟိုင်းယုလမ်းဆုံတပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်၊ စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးက ဟိုင်းယုလမ်းဆုံရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ကာ ရှင်းလင်းရေးပြုလုပ်နိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု MSFC ပြော

မွန်ပြည်နယ်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေး လုပ်ငန်းတွေ တင်ပြဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ တတိယအကြိမ်ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်နေလို့ လက်တုံ့ပြန်တိုက်ခိုက်တော့မယ်လို့ CNDF ဆို

အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတာများလာလို့  စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးပြောဆိုလိုက်ပါတယ်။
Read More

ပုသိမ်ကြီးတွင် ရပ်ကွက်အာဏာပိုင်များ ရုံးခန်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်ခံရ၊ မိတ္ထီလာတွင်လည်း အုပ်ချုပ်ရေးမှူးဖြစ်တာ ၂ရက်သာ ရှိသေးသူ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီး နဲ့ မိတ္ထီလာမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်းသိရပါတယ်။