မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး စစ်တပ်စစ်ကြောင်းက ငါ့သရောက်မြို့နယ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်ထားပါတယ်။

ပျူစောထီးအများအပြား ပါဝင်တဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ငါ့သရောက်မြို့ကနေ တောင်သာမြို့နယ် အနောက်ခြမ်းကို ဧပြီလ ၂၆ ရက်မှာ စတင်စစ်ကြောင်းထိုးခဲ့ပြီး ဧပြီလ ၂၇ ရက်မှာတော့ တံတားရွာကနေ တောင်ခမောက်ကျေးရွာကို စစ်ကြောင်းထိုးရာ တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းအထိနာတာကြောင့် လေကြောင်းပစ်ကူခေါ်ခဲ့ပြီး တောင်ခမောက်ကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၈ ရက်မှာတော့ တောင်ခမောက်ကျေးရွာကနေ ထောက်ရှာ ကျေးရွာကို စစ်ကြောင်းထိုးရာမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ PLA က ဆိုပါတယ်။


တိုက်ပွဲကြာချိန် ၃ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူ ၆ ကြိမ် ပေးခဲ့ပေမယ့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက AK အမျိုးအစား သေနတ် ၂ လက် အပါအဝင် ခဲယမ်း၊ စစ်အသုံးအဆောင်တွေ သိမ်းပိုက် ရရှိခဲ့တယ်လို့ သိရပါတယ်။

“ရန်သူထိခိုက်သေဆုံးမှုကို အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးခံရတဲ့ ရွာတွေက ဒေသခံတွေကတော့ စစ်ဘေးရှောင်နေကြရပါတယ်။ တိုက်ပွဲတွင်းမှာ ပြည်သူ အထိအခိုက်တော့ မရှိပါဘူး။” လို့ PLA ရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) အပါအဝင် ဒေါင်းရင်သွေး၊ မိုးမခပြောက်ကျား၊ ညောင်ဦးခရိုင်ပကဖ၊ မြင်းခြံခရိုင် တပ်ရင်း (၃)၊ ညောင်ဦးခရိုင် တပ်ရင်း (၅) 21 Bagan၊ စကော်ပီယံ (တောင်သာပကဖ)၊ ပုပ္ပား – PGF၊ န.ပ.တ (၇၀၄) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါအကြမ်းဖက် စစ်ကြောင်းဟာ ငါ့သရောက်မြို့နယ်ထဲ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာမရှိဘူးလို့ မုံရွာခရိုင် တပ်ရင်း (၂) ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) - အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု က စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာ လုံးဝမရှိဘူးလို့ ထုတ်ပြန်လာပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က မျက်မြင် ၄ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆေးဝါးကုသရေး ခက်ခဲသည့်နေရာများမှ ပြည်သူလူထုကို တပ်ကုန်းမြို့နယ် PDF ဆေးဝါးကုသမှုပေးနေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနခွဲ၊ နေပြည်တော် တပ်ရင်း ၈၀၃ - တပ်ကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆေးဝါးကုသရေး ခက်ခဲတဲ့နေရာတွေမှာ ပြည်သူလူထုကို ဆေးဝါးကုသမှုပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တီးတိန်မြို့အဝင်ရှိ စစ်ကော်မရှင်တပ်စွဲထားသည့် နေရာကို ချင်းညီနောင် တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း များစွာနှင့် စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် ဆိုင်းဘုတ်နားမှာ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားတဲ့ နေရာကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland ထံက သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း - မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က တပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။