တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ မြို့နယ်တွေမှာ ဧပြီလတစ်လအတွင်း မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၈) ရက်က မိုင်းယော်မြို့နယ်၊ လွယ်လင်ကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာမှာ မိသားစုဝင် (၂) ယောက် နွားလိုက်လံရှာဖွေနေချိန် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံးကို ကောက်ယူဆော့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက်(၄၅)နှစ်အရွယ် ဖခင်ဖြစ်သူ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးကာ အသက် (၁၈)နှစ်အရွယ် သားဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သီပေါမြို့နယ်၊ တုံစင့်ကျေးရွာမှာလည်း အသက် (၅ဝ) အရွယ် အမျိုးသား ၁ ယောက်ဟာ ပြီးခဲ့တဲ့ ဧပြီလ (၁၆) ရက်မှာ စစ်ကောင်စီတပ် ခလရ (၂၃)တပ်စခန်းဟောင်းအတွင်း ငှက်သွားပစ်ရာက မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂ဝ)ရက်ကလည်း နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာမှာ အသက် (၈)နှစ်အရွယ်နဲ့ အသက် (၅)နှစ်အရွယ် ကလေး ၂ ယောက်ဟာ ဖခင်နဲ့အတူ ရေချိုးပြီးနောက် အပြန်လမ်းမှာ လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာက ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း စစ်‌ကောင်စီတပ် အရင်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံပြည်သူ (၂) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။
Read More

သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ ရရှိ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာဘုန်းကြီးကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗျုဟာအမှတ် (၂) က ဇွန်လ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDF ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးပြီး ၁၈၃ ဦး ဒဏ်ရာရခဲ့

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရဲဘော် ၅၂ ယောက် ကျဆုံးပြီး ၁၈၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force CDF - Hakha Central Council က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း (၂) မှ တပ်ရင်းအရာရှိများက တပ်ခွဲမှူးနှင့် ရဲဘော်များကို တွေ့ဆုံခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးရွာက နှမ်းတွေသယ်ဆောင်လာတဲ့ ကားနှစ်စီးကို တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးနိုင်ခဲ့

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာအတွင်းက သယ်ထုတ်လာတဲ့ နှမ်းတင်းပေါင်း ၃၀၀ နီးရှိသော ကား ၂ စီးကို ဖမ်းမိခဲ့တယ်လို့ ယောအလင်းတန်းထံက သိရပါတယ်။
Read More

တရုတ်ကို မှီခိုမှု မကင်းနိုင်တဲ့ တော်လှန်ရေးအင်အားစုတွေ တရုတ်ရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားစဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတ ပြော… NUG အစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရဘူးလို့ သတိပေး…

တော်လှန်ရေးအင်အားစုတွေဟာ တရုတ်ကို မှီခိုမှုမကင်းနိုင်တာတွေ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားရွေးချယ်စရာ စဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။