လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က နေပြည်တော် တဝိုက်မှာ ဂျိုင်ရိုကော်ပတာ တစ်စီး ပျံသန်းနေမှုကို စတင်မှတ်တမ်းယူနိုင်ခဲ့ပြီး ဧပြီ ၂၄ ရက်မှာလည်း မကွေးမြို့တဝိုက်မှာ ဂျိုင်ရိုကော်ပတာ နှစ်စီး ထပ်မံပျံသန်းခဲ့ကြောင်းကို စစ်ကောင်စီရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ “ဝေဟင်” အဖွဲ့က ဆိုထားပါတယ်။

“ဂျိုင်ရိုကော်ပတာက ပန်ကာအကြီး(အပေါ်) နဲ့ ပန်ကာအသေး(အနောက်) ပါဝင်တယ်။ ပန်ကာအသေးက အင်ဂျင်နဲ့ချိတ်ဆက်ထားပါတယ်။ ယာဉ်ကို ရှေ့ကိုသွားအောင် တွန်းအား thrust ပေးပါတယ်။ ပန်ကာအကြီးကတော့ အင်ဂျင်မလိုဘဲ လေတွန်းအားနဲ့တင်လည်ပြီး ယာဉ်ကို လေထဲတက်နိုင်အောင်၊ လေထဲပျံနိုင်အောင် လုပ်ပေးပါတယ်။ အင်ဂျင်ပါတဲ့အတွက် လောင်စာလိုပါတယ်” လို့ စစ်ကောင်စီအသုံးပြုတဲ့ စစ်လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 က မောင်းကို ပြောပြပါတယ်။

အင်ဂျင်ပါတဲ့အတွက် လောင်စာဆီကို အသုံးပြုရပေမယ့် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ထက်စာရင် လောင်စာဆီဖိုး ငွေကုန်ကြေးကျ သက်သာတာကြောင့် နောက်ပိုင်းမှာ ဂျိုင်ရိုကော်ပတာယာဉ်တွေကို ပိုပြီး အသုံးပြုသွားနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။

“ဂျိုင်ရိုကော်ပတာယာဉ်တွေက စက်သေနတ်ကြီးတွေကိုပါ တပ်ဆင်ပြီး ပစ်ခတ်လို့ရတယ်။ အချိန်ကြာကြာပိုပြီးတော့ ပျံနိုင်တယ်။ အားနည်းချက်ကတော့ ယာဉ်နဲ့ Body ကို ပေါ့ပါးအောင် လုပ်ထားတော့ လက်နက်ငယ်တွေရဲ့ ဒဏ်တွေကိုတောင် သူက မခံနိုင်ပါဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ဆိုပါတယ်။

အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေဟာ ဗုံးချရုံလောက်သာ အသုံးပြုနိုင်တာကြောင့် နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာတွေကို ပိုမို အသုံးပြုလာနိုင်ကြောင်း သူက ဆိုထားပါတယ်။

စစ်ကောင်စီဟာ ငွေကုန်ကြေးကျများတဲ့ စစ်သုံးစာရိတ်တွေကို လျှော့ချရာမှာ လေကြောင်းတိုက်ခိုက်မှုမှာ သုံးတဲ့ လေယာဉ်တွေအစား စက်တပ်လေထီး (Paramotor) ၊ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို အစားထိုး အသုံးပြုလာနေတာပဲ ဖြစ်ပါတယ်။

 စစ်သုံးဂျိုင်ရိုကော်ပတာများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မန္တလေးဈေးချိုအနီး ဆန္ဒလာပြသည့် ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးအပါ ၁၀ ဦးကို စစ်ကော်မရှင် အမှုဖွင့်

လုံခြုံရေးတင်းကြပ်တဲ့ မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ်ကို ပုန်ကန်အံတုကာ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုး အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦး သေဆုံး၊ (၄) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ မိန်းကလေးငယ် ထပ်မံ ခွဲစိတ်ဖို့ အကူအညီလိုအပ်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ချိန် ဒဏ်ရာရခဲ့တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထပ်မံ ခွဲစိတ်မှု ပြုလုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ပေါ်က လူနေရပ်ကွက်ပေါ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှု အချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ပံ့ပိုးကူညီမည်ဟု တရုတ် ထပ်လောင်းအတည်ပြု

တရုတ်က မင်းအောင်လှိုင် ဟန်ပြကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို  ပူးပေါင်းကူညီသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ တွေ့ဆုံမှုမှာ ထပ်လောင်းအတည်ပြု ကတိပေးလိုက်ပါတယ်။