အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ပြီး ဒေသအလိုက် လွတ်မြောက်မှုကနေ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရရဲ့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မဟာဗျူဟာနည်းလမ်း ၆ ခုရဲ့ ပထမဆုံးအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထုရဲ့ စဉ်ဆက်မပြတ် ထောက်ခံပါဝင်မှုကို ထိန်းသိမ်းမြှင့်တင်တာ၊ ဒုတိယအနေနဲ့ နိုင်ငံခြားရေးနည်းလမ်းအရ မြန်မာပြည်သူတွေ ဆင်နွှဲနေဆဲ တော်လှန်ရေး အပေါ် နိုင်ငံတကာရဲ့သိရှိနားလည်မှုနဲ့ အားပေးထောက်ခံမှုတိုးတက်ရရှိအောင် ဆောင်ရွက်တာတို့ဖြစ်တယ်လို့ ဆိုပါတယ်။

တတိယအနေနဲ့ စစ်ရေးနည်းလမ်းအရ တပ်မတော်ကို Chain of Command & Code of Conduct ဆိုတဲ့ CoC နှစ်ရပ်နဲ့ တိုက်စွမ်းရည် အားကောင်းအောင် တည်ဆောက်လျက် ဗျူဟာမြောက် တိုက်ပွဲဝင်တာနဲ့ စတုတ္ထအနေနဲ့ကတော့ အုပ်ချုပ်ရေးနည်းလမ်းအရ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို တရားဥပဒေနဲ့အညီ စီမံ ဆောင်ရွက်တာ၊ Legality အခြေခံနဲ့ ပိုပြီးစနစ်ကျအောင် ထိန်းကျောင်းကြပ်မတ်တာနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်တာတွေ ဖြစ်ပါတယ်။

ပဉ္စမအနေနဲ့ ဘဏ္ဍာရေးနည်းလမ်းအရ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရံပုံငွေကို စဉ်ဆက်မပြတ်ဖြည့်တင်းနိုင်ဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘဏ္ဍာရံပုံငွေရလမ်းတွေ ဖြတ်တောက်ဖို့ ဆောင်ရွက်တာနဲ့ ဆဋ္ဌမအနေနဲ့ လူထုဆက်ဆံရေးနည်းလမ်းအရ ပြည်သူ့တော်လှန်ရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြည်သူလူထုနဲ့ နိုင်ငံတကာက ကောင်းစွာနားလည်သိရှိနိုင်ဖို့ဆိုတဲ့ မဟာဗျူဟာနည်းလမ်းတွေကို လုပ်ဆောင်နေတယ်လို့ NUG က ဆိုပါတယ်။

အဆိုပါ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ပြီး ဒေသအလိုက်လွတ်မြောက်မှုကနေ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတာ​ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သံမဏိစက်ရုံအတွင်း နှစ်သစ်ကူး သောက်စားနေတဲ့ စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ရွာမရပ်ကွက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ် (၃) သံမဏိစက်ရုံအတွင်း မနေ့က နှစ်သစ်ကူးည မူးယစ်သောက်စားနေတဲ့ စစ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) မြို့ပြပြောက်ကျားအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်း ပကဖ ရဲဘော်များ ရခိုင်စစ်မျက်နှာမှာ AA နှင့်အတူ တိုက်ပွဲဝင်ခဲ့၊ ပကဖ ရဲဘော် ၁၄ ဦးကျဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့

ရခိုင်ပြည်နယ် စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော် နဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးရဲဘော်တွေ တိုက်ပွဲဝင်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

VPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မည့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း အသက်သွင်း

ခွင့်ပြုချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
Read More

ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းရောက် ရဲဘော်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ ဆင်ပေးခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက် စစ်ကြောင်းရဲ့ The Life Armor Project ကနေ ရရှိလာတဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေကို ကျည်ကာ အင်္ကျီ ၊ ကျည်ကာဦးထုပ် ၊ ကျည်ကာပြား ၊ ကျောပိုးအိတ်နဲ့ ဖိနပ်တွေ တပ်ဆင်ပေးန်ိုင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက် တောင်းဆိုတိုင်း တပ်မတော်က လိုက်လျောခဲ့တဲ့ အစဉ်အလာ မရှိ၊ စစ်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်အာဏာကို ထိပါးနေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။