တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။

ဧပြီလ ၂၈ရက်၊ နေ့လယ်ပိုင်းမှာ လောင်းလုံးမြို့ စရဖရုံးကနေ ထွက်လာတဲ့ စစ်အုပ်စုတွေရဲ့ကားကို အထက ကျောင်းရှေ့အရောက်မှာ တော်လှန်ရေးတပ်တွေက စောင့်ကြိုပစ်ခတ်ရင်း RPG နဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“စရဖရုံးကနေ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ ပျူစောထီး‌ကားကို လောင်းလုံးမြို့ပေါ် အထကကျောင်းရှေ့မှာပဲ အလစ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကားက ပျူစောထီးခေါင်းဆောင်ရဲ့ကား ဆိုပေမယ့် ကားပေါ် ပျူစောထီးခေါင်းဆောင် ပါလာလား မပါလားတော့မပြောနိုင်ဘူး။ ဒါပေမယ့် အကောင်ကြီးပိုင်းက တစ်ယောက်တော့ပါတယ်။ ပျူခေါင်းဆောင်မင်းသိန်းရဲ့သား ပါတယ်လို့လည်း ပြောတယ်။ ပစ်ခတ်နေတုန်းမှာပဲ RPGနဲ့ ထုထည့်လိုက်တာ ကားက ကားနောက်ပိုင်းထိပြီး ဓာတ်တိုင်ကို၀င်တိုက်တယ်၊ ဓာတ်တိုင်ကျိုးကျပြီး ထပ်ပိနေတယ်။ ကားက သုံးစားလို့မရ ဖြစ်သွားတယ်။ လမ်းပေါ်မှာလည်း ၃ကောင်လဲနေတာ တွေ့ခဲ့ရတယ်” လို့ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ဖယ်ဒရယ်ဓူဝံကြယ်အဖွဲ့နဲ့ ဒေါနတပ်ခွဲ ၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

“လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတယ်ဗျ။ ပြည်သူနေအိမ်တွေပေါ်ကျတယ်။ အိမ်ပျက်စီးမှုရှိတယ်။ လူထိခိုက်မှုမရှိဘူး။ အဲဒီပစ်ခံရချိန်က ပင်လယ်ပြင်က စစ်သင်္ဘောလည်း စမ်းလှမ်းရွာကမ်းဖက်ကို ၀င်လာတယ်၊ ပစ်ကူပေးဖို့ဖြစ်မယ်။” လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းတာဝန်ခံ ရှဲဒိုးက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်နှင့် တန့်ဆည်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ဦး သေဆုံးပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

ရေတာရှည်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား ၂ယောက်သေဆုံးပြီး ဘုရားစေတီ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းကိုပြောပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

တောင်သာမှာ ရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ၂၂ ယောက်သေ၊ ၁၇ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ဇဂျမ်းရဲစခန်းနဲ့ စစ်ကူလာတဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က တွဲဖက် ဗိုလ် ၁ယောက် အပါအဝင် ၂၂ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA-PDF) က ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှ စစ်မှုထမ်းတပ်သား ၃ ဦး CDF-Asho ထံ လက်နက်နှင့် အလင်းဝင်လာ

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) ထံကို စစ်ကော်မရှင်တပ်သား ၃ ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ CDF-Asho က‌ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲစာရင်းကြည့်သူမရှိသဖြင့် အိမ်တိုင်ရာရောက် တိုက်စစ်N

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။