မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စ​စ်သားအလောင်း ၅လောင်း၊ သုံ့ပန်း၂ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Popa Guerilla Force(PGF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဧပြီလ ၂၆ရက်၊ မနက်အစောပိုင်းကစပြီး ညောင်ဦးမြို့နယ်ခွဲ၊ ငါ့သရောက်မြို့ ရဲစခန်းကနေ အင်အား ၁၂၀ လောက်နဲ့ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ တောင်သာမြို့နယ်၊ တောပြားရွာနဲ့ တံတားရွာတွေထဲ စတင်ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရပါတယ်။

ဧပြီလ ၂၇ရက်နေ့မနက်အစောပိုင်းမှာတော့ အကြမ်းဖက်စစ်အုပ်စုတွေဟာ တံတားကျေးရွာကနေ တောင်ခမောက်ကျေးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး Popa Guerilla Force(PGF)နဲ့ 21 Baganတပ်ဖွဲ့တွေရဲ့ ပူးပေါင်းရှေ့ပြေးကင်းတပ်စိပ်နဲ့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၁နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်း ခဲယမ်းပြတ်လပ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနည်းငယ်ဆုတ်ပေးထားရချိန်မှာ ပုဂံပြည်ဘီလူးတပ် အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေ ရောက်ရှိလာပြီး စစ်အုပ်စုနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း Popa Guerilla Force(PGF)တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ လေကြောင်းပစ်ကူတွေ တိုက်ပွဲရှိရာဆီ ရောက်ရှိလာတာကြောင့် တော်လှန်ရေးတပ်တွေလည်း လုံးဝဆုတ်ပေးခဲ့ရပြီး စစ်အုပ်စုတွေက တောင်ခမောက်ကျေးရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၈ရက်နေ့ မနက်ပိုင်းမှာလည်း စစ်အုပ်စုတွေက တောင်ခမောက်ကျေးရွာကနေ ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာရွာဘက်ဆီ ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်ရာမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။

 နေ့တစ်ဝက်ကြာဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်းမှာလည်း စစ်အုပ်စုတွေ အထိနာခဲ့တာကြောင့် လေကြောင်းကနေ ပစ်ကူ ၃ကြိမ်အထိ ယူခဲ့ရပြီး ငါ့သရောက်ရဲစခန်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

“ညောင်ဦးမြို့ပေါ် ၄၁၅ တပ်က ကောင်တွေ ပါမယ်။ ပျူတွေပါမယ်။ ကျောက်ပန်းတောင်းဘက်က ရဲတွေ စစ်သားတွေ ပါပါမယ်။ စစ်ကြောင်းခွဲထိုးတာတော့ မဟုတ်ဘူး။ ညောင်ဦး၊ တောင်သာ၊ ကျောက်ပန်းတောင်းက နယ်​မြေတွေထိစပ်နေတာပါ။ ပထမနေ့တိုက်ပွဲက တောင်သာနယ်​ တံတားကနေ တောင်ခမောက်ရွာအထွက် လမ်းခုလတ်မှာ ကျနော်တို့ကြားဖြတ်တိုက်ရင်း ဖြစ်တာပါ။ ဒုတိယနေ့တိုက်ပွဲကျ ကျောက်ပန်းတောင်းနယ်၊  ထောက်ရှာရွာအဝင်မှာဖြစ်တာ၊ အဲ့ဒီနေ့တိုက်ပွဲမှာ တိုက်ပွဲချိန် ကြာလာတာနဲ့အမျှ ဒီကောင်တွေဘက်က သွေးရူးသွေးတန်းနဲ့ ပြေးတဲ့ကောင်ပြေး၊ ဒဏ်ရာရတဲ့ကောင်ရနဲ့ ဖြစ်ကုန်တယ်။ သုံ့ပန်းတွေဖမ်းမိတာကလည်း အဲ့ဒီကနေ့ပါ။ နောက်ဆုံး လေကြောင်းပစ်ကူလာမှပဲ ဒဏ်ရာရတဲ့ကောင်တွေပြန်စုပြီး ငါ့သရောက်ကိုပြန်သွားတာပါ။” လို့ Popa Guerilla Force(PGF)တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နှစ်ရက်တာတိုက်ပွဲအတွင်း ရဲ၁ယောက်နဲ့ပြည်သူ့စစ်၁ယောက်ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ကြပ်အပါအဝင် အလောင်း ၅လောင်း၊ M.22 -၂လက်၊ Equipment-၁ခု၊ လက်ပစ်ဗုံး-၃လုံး၊ စ‌ကားပြောစက်-၄လုံး၊ 7.62ကျည်-၈၀နဲ့ အခြားဆက်စပ်ပစ္စည်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ Popa Guerilla Force(PGF)တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်အုပ်စုတွေထဲအရာခံဗိုလ် ၁ယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက်က PGF တပ်ဖွဲ့ဝင်၁ယောက်လည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို  Popa Guerilla Force(PGF)တပ်ဖွဲ့နဲ့အတူ ပုဂံပြည်ဘီလူးတပ်

၊ (21)Bagan ၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ ဒေါင်းရင်သွေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် ပကဖ၊ မိုးမခ ပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်၊ ရန်ကြီးအောင်တပ်၊ မန်းဘခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Scorpions People Defend Force တို့ ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Popa Guerrilla Foce (PGF) မှ ထုတ်ပြန်သည့် တိုက်ပွပုံရိပ်များ (ဓာတ်ပုံ PGF)

0 Shares:
You May Also Like
Read More

တိုက်ပွဲများ နီးကပ်နေသည့် ကျောက်ဖြူ၊ စစ်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည်၊ လာရောက်ဖြေဆိုသူများကို ဆိုလာမီးအိမ်ပေးမည် ဟု စစ်ကောင်စီ စည်ရုံး

ရခိုင်ပြည်နယ်မှာ ဒေသတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်တော့မှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေး ကြုံတွေ့နေရစဉ် လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ NUCC တောင်းဆို

နိုင်ငံတစ်ဝန်း ငလျင်ဘေးနဲ့ ကြုံတွေ့နေရစဉ် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာကနေ လက်တွေ့ အရေးယူဆောင်ရွက်ပေးဖို့  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

မဟူရာ ရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့က NUG လက်အောက်ကို ဝင်ရောက်မယ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုအခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မဟူရာရွှေဘိုသားတော်လှန်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ထံ ပြောင်းလဲရပ်တည်တော့မယ်လို့ တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

TNLA  ထိန်းချုပ်နယ်မြေများတွင် ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်

ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံသွားမယ့် လျှပ်စစ်မီတာခနှုန်းထားတွေကို ဧပြီလ ၁၀ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။