ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး မြိုန့ယ်နဲ့ ရွှေကျင်မြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မူးမြို့နယ်အတွင်း ဧပြီလ (၂၈) ရက်မှာ နိုကလော်၊ တောင်စု အရှေ့၊ တောင်စု အနောက်၊ နိုတောတာ၊ စီပေါပေါ်၊ တမာခေါ၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ အညာစု၊ ရေလဲကရင်၊ ရွာကြီးအင်း စတဲ့ကျေးရွာတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့ရာ နေ့လည်ပိုင်းမှာ ရွာကြီးအင်းကျေးရွာထဲ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခတ်မှုကြောင့် (၂၇)နှစ်အရွယ် အမျိုးသား ၁ ယောက် ထိမှန်သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ မနက်ပိုင်းက ကညင်တိုင်းကျေးရွာကို လေယာဥ်နဲ့ လာရောက်ပစ်ခတ်မှုကြောင့် အရပ်သား (၃) ယောက် ထိခိုက်သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း ဧပြီလ (၂၈) ရက်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်က ကျုံချောင်း၊ လေးလမ်းဆုံ၊ ရှမ်းရွာ၊ ခြေတော်ရာ၊ ညောင်ခြေထောက် နဲ့ သရက်သမိန် ကျေးရွာတွေအတွင်း လေယာဥ်နဲ့ လက်နက်ကြီးတွေ အကြိမ်ကြိမ်ပစ်ခတ်ခဲ့ရာ သရက်သမိန် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကြောင့် ထိခိုက် ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်း အပတ်စဉ် (၉) အထိ နိုင်ငံတစ်ဝန်း ပြည်သူ ၄၀၀၀၀ ကျော် စုဆောင်းခံထားရ

စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
Read More

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကနေ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်း (၈၀) ကျော်က အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာထံ အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့တောင်းဆိုလိုက်ပါတယ်။
Read More

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group - SOG က ထုတ်ပြန်ထားပါတယ်။
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဆောင်းရာသီ ဝင်လာပြီဖြစ်တာကြောင့် ဂန့်ဂေါနယ်မှ စစ်ရှောင်များ အရေးပေါ် အကူအညီများ လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်း၊ ယောနယ်အစပ် တလျှောက်က စစ်ရှောင်အရေအတွက်ဟာ သောင်းနဲ့ချီရှိနေပြီး ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ကြီးတွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့်စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ၊ ကလေးငယ်များအပါ အရပ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF စိုးမိုးနယ်မြေအတွင်းက စစ်ရှောင်ကလေးငယ်တွေအပါဝင် ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။