ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ရက်နဲ့ ၂၉ရက်တွေမှာ အကြမ်းဖက်စစ်ကောင်စီက စစ်တောင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးတွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် နေအိမ်(၃)လုံး ပျက်စီးကာ ဖြူးမြို့နယ် ကညင်ဒိုင်းရွာနဲ့ ကျောက်တံခါးမြို့နယ် တောင်ခင်ကျေးရွာ၊ အင်ကုန်းကျေးရွာ၊ ဇရပ်ခင်ရွာဟောင်းကျေးရွာတွေက ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး (၄) ယောက် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ပြည်သူတွေ ထိခိုက်၊ သေဆုံးမှုတွေ ရှိနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို ကူညီကယ်ဆယ်ရမယ့်အစား နိုင်ငံနေရာအနှံ့အပြားမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခမရ (၅၅၈) မှ အဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် စစ်သား (၂) ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ၂ ယောက်ကို ဖယ်ရှားပေးဖို့ တောင်းဆို…

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီး နှစ်ယောက်ဖြစ်သူကို ဖယ်ရှားပေးဖို့ ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) က NUCC ကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီး နှစ်ယောက်ဖြစ်တဲ့…
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

ယူနက်စကိုစာရင်းဝင် ပုဂံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွက် နိုင်ငံတကာတရားရုံးတွေကနေ အရေးယူနိုင်အောင်ကြိုးပမ်းမည်ဟု NUG ပြော

ယူနက်စကို စာရင်းဝင် ပုဂံဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးအကြမ်းဖက်တဲ့ လုပ်ရပ်တွေကို  နိုင်ငံတကာတရားရုံးတွေကနေ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်ဝေခံပါတီများ မွန်ပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မှုအပေါ် မွန်ပြည်သူများက လက်သင့်ခံကြိုဆိုမည် မဟုတ်

အကြမ်းဖက်စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် စစ်တပ်ရဲ့ လက်ဝေခံပါတီတွေကို မွန်ပြည်သူတွေက လက်သင့်ခံကြိုဆိုမှာ မဟုတ်ကြောင်း မွန်အရပ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ ဩဂုတ်လ ၈ရက်မှာ အိတ်ဖွင့်ပေးစာ ထုတ်ပြန်လာပါတယ်။
Read More

“ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ” ဆောင်ပုဒ်ဖြင့် Research Conference 2025 ကို NUG ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနက ဦးစီးပြီး Research Conference 2025 ကို "ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ - မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှု" ဆောင်ပုဒ်နဲ့ စက်တင်ဘာလ (၂၇) ရက်ကနေ (၂၉) ရက်အထိ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။