မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၅ တပ်ရင်းက စစ်မှုထမ်း အပတ်စဥ် (၈) သင်တန်းဆင်း စစ်ကောင်စီတပ်သား ကိုစိုင်းစိုင်းဟာ မင်းဘူးခရိုင် တပ်ရင်း ၅ ဆီ လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်သားဟာ အမရပူရ မြို့နယ်မှာ မတရားသဖြင့် စစ်မှုထမ်း စုဆောင်းခံရပြီး ဟိုပင်မြို့နယ်မှာ စစ်သင်တန်း ၆လ တက်ရောက်ခဲ့ပြီးနောက် စလင်း တပ်ရင်း ခလရ- ၂၅၅ မှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ကိုစိုင်းစိုင်းဟာ စစ်ကောင်စီ တပ်အတွင်း အနိုင်ကျင့်ဗိုလ်ကျမှု၊ မတရားသဖြင့် နှိပ်စက်ညှဥ်းပန်းမှုတွေ၊ မိမိဆန္ဒနဲ့မဟုတ်ဘဲ စစ်မှုထမ်း စုဆောင်းခံရတာတွေကြောင့် လွတ်မြောက်အောင် ထွက်ပြေးလာကာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီ အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း မိမိဆန္ဒနဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းဆီ ဝင်ရောက် ခိုလှုံရင် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး လက်နက်ပါ ယူဆောင်ခဲ့ရင် ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ကာ အေးချမ်းစွာ နေထိုင်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး Golden City အဆောက်အဦး ဖြိုချရှင်းလင်းရေးလုပ်ဆောင်နေစဉ် ပြိုကျခဲ့

မန္တလေးက Golden City အဆောက်အဦး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ပြိုကျခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရသူတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ က တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး စစ်ကြောင်းမှူးကို သီတင်းကျွတ်ကန်တော့ပွဲ ပြုလုပ်… (ဓာတ်ပုံသတင်း)

သီတင်းကျွတ် ဆရာကန်တော့ပွဲအဖြစ် ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်းက တပ်ဖွဲ့ဝင် ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကို ကန်တော့တဲ့ ကန်တော့ပွဲ ပြုလုပ်ခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့ရ

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၈၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
Read More

အဖြေလွှာများ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမည့်ကိစ္စဟာ တာဝန်ယူမှုမရှိသည့် ဖြေရှင်းချက်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်

ပြီးခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့မှုအပေါ် စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။