လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က နေပြည်တော် တဝိုက်မှာ ဂျိုင်ရိုကော်ပတာ တစ်စီး ပျံသန်းနေမှုကို စတင်မှတ်တမ်းယူနိုင်ခဲ့ပြီး ဧပြီ ၂၄ ရက်မှာလည်း မကွေးမြို့တဝိုက်မှာ ဂျိုင်ရိုကော်ပတာ နှစ်စီး ထပ်မံပျံသန်းခဲ့ကြောင်းကို စစ်ကောင်စီရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ “ဝေဟင်” အဖွဲ့က ဆိုထားပါတယ်။

“ဂျိုင်ရိုကော်ပတာက ပန်ကာအကြီး(အပေါ်) နဲ့ ပန်ကာအသေး(အနောက်) ပါဝင်တယ်။ ပန်ကာအသေးက အင်ဂျင်နဲ့ချိတ်ဆက်ထားပါတယ်။ ယာဉ်ကို ရှေ့ကိုသွားအောင် တွန်းအား thrust ပေးပါတယ်။ ပန်ကာအကြီးကတော့ အင်ဂျင်မလိုဘဲ လေတွန်းအားနဲ့တင်လည်ပြီး ယာဉ်ကို လေထဲတက်နိုင်အောင်၊ လေထဲပျံနိုင်အောင် လုပ်ပေးပါတယ်။ အင်ဂျင်ပါတဲ့အတွက် လောင်စာလိုပါတယ်” လို့ စစ်ကောင်စီအသုံးပြုတဲ့ စစ်လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 က မောင်းကို ပြောပြပါတယ်။

အင်ဂျင်ပါတဲ့အတွက် လောင်စာဆီကို အသုံးပြုရပေမယ့် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ထက်စာရင် လောင်စာဆီဖိုး ငွေကုန်ကြေးကျ သက်သာတာကြောင့် နောက်ပိုင်းမှာ ဂျိုင်ရိုကော်ပတာယာဉ်တွေကို ပိုပြီး အသုံးပြုသွားနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။

“ဂျိုင်ရိုကော်ပတာယာဉ်တွေက စက်သေနတ်ကြီးတွေကိုပါ တပ်ဆင်ပြီး ပစ်ခတ်လို့ရတယ်။ အချိန်ကြာကြာပိုပြီးတော့ ပျံနိုင်တယ်။ အားနည်းချက်ကတော့ ယာဉ်နဲ့ Body ကို ပေါ့ပါးအောင် လုပ်ထားတော့ လက်နက်ငယ်တွေရဲ့ ဒဏ်တွေကိုတောင် သူက မခံနိုင်ပါဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ဆိုပါတယ်။

အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေဟာ ဗုံးချရုံလောက်သာ အသုံးပြုနိုင်တာကြောင့် နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာတွေကို ပိုမို အသုံးပြုလာနိုင်ကြောင်း သူက ဆိုထားပါတယ်။

စစ်ကောင်စီဟာ ငွေကုန်ကြေးကျများတဲ့ စစ်သုံးစာရိတ်တွေကို လျှော့ချရာမှာ လေကြောင်းတိုက်ခိုက်မှုမှာ သုံးတဲ့ လေယာဉ်တွေအစား စက်တပ်လေထီး (Paramotor) ၊ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို အစားထိုး အသုံးပြုလာနေတာပဲ ဖြစ်ပါတယ်။

 စစ်သုံးဂျိုင်ရိုကော်ပတာများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့ ထောင်သောင်းချီ အင်အားဖြင့် အထွေထွေ ထိုးစစ်ကြီး စတင်ဖို့ အချိန်တန်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား

PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ နေရာစုံစစ်မျက်နှာဖွင့်ကာ အထွေထွေ ထိုးစစ်ဆင်နွှဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှ ပြန်လာသည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များကို ဂုဏ်ပြုဆုငွေ ချီးမြှင့် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြား တော်လှန်ရေးအင်အားစု) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ တပ်ရင်းမှ ရဲဘော်တွေကို ဇွန်လ ၂၅ ရက် မနေ့က ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲ

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့ ဧပြီလ ၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ နိုဝင်ဘာ (၁)လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရလက်ထက် ဝယ်ယူခဲ့သည့် DEMU လူစီးရထားအား မင်းအောင်လှိုင်က သူ့လက်ထက်မှာ တိုးတက်နေသဖွယ် လိုက်ပါစီးနင်းပြ

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

သံဖြူဇရပ်မှာ အတွင်းစခန်းကြီးရွာထဲ တပ်စွဲနေတဲ့စစ်တပ် တစ်နေ့တည်း ၃ကြိမ်ပြောက်ကျားတိုက်ခိုက်ခံရပြီး ၅ယောက်သေကာ ၄ယောက်ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တစ်နေ့တည်း ပြောက်ကျားစနစ်နဲ့ ၃ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်ကြောင်းထံက သိရပါတယ်။ စက်တင်ဘာ ၁၇ရက်၊ မနေ့က နေ့လည်ပိုင်းမှာ သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို တောင်ညိုစစ်ကြောင်းတပ်ဖွဲ့ဝင်တွေက ပထမဆုံးအကြိမ် ပြောက်ကျားပုံစံနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။