မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ က ဦးဆောင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံ ရပ်ရွာလူထုကို သင်တန်း ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းမှာ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ NUG အစိုးရက ပြဌာန်းထားတဲ့ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးမူဝါဒနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ အကြီးမားဆုံး ချိုးဖောက်မှု (၆) ရပ် စတာတွေကို ကိုးကားပြီး ပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်ခဲ့တဲ့ သင်တန်းသူ ၁ ယောက်က “မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ စာချုပ်တွေ၊ ကလေးတွေကိုကာကွယ်ပေးတဲ့ စာချုပ်တွေ၊ ကျွန်မတို့အပေါ်မှာ ချိုးဖောက်ခံရရင်လည်း တိုင်ကြားနိုင်တဲ့ ယန္တရားတွေရှိမှန်းလည်း မသိခဲ့ဘူး။အခုလိုဆရာမတို့ ပြောပြမှ သိခဲ့ရတယ်၊ ကျမတို့မှာ အခွင့်အရေး ဆိုတာ ဘာမှန်းမသိလောက်အောင် ချိုးဖောက်ခံနေရတာတွေ ခုမှသိလာရတယ်၊ ခုလိုမျိုး ကာကွယ်ပေးတာတွေ ရှိမှန်းသိလာတော့ ကျွန်မတို့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ တွေ၊ အကြမ်းဖက်ခံရတာတွေကို တိုင်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းသိရတာနဲ့တင် စိတ်လုံခြုံမှုတွေ ခံစားရပါတယ်” လို့ ပြောကြားခဲ့ကြောင်း NUG က သတင်းဖော်ပြထားပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာသင်တန်းကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ရပ်ရွာဒေသခံ ပြည်သူလူထု သင်တန်းသား အယောက် (၂၁၀) တက်ရောက်ခဲ့ပြီး သင်တန်းသားတွေက အပြန်အလှန်မေးခွန်းတွေ မေးမြန်းကာ ဆွေးနွေးဖလှယ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဆည်မြို့အနီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သီတင်းကျွတ် မီးပုံးပျံလွှတ်တင်ခြင်း ဆီမီးသပိတ်ဖြင့် လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ (၁) အနေနဲ့ အခြေစိုက်ရာနယ်မြေ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေး ကူညီဆောင်ရွက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းပေးခြင်းထက် စစ်အုပ်စုကို အကာအကွယ်ပေးနေတယ်လို့ Blood Money က ထုတ်ပြန်

အာဆီယံက မြန်မာအရေးမှာ ကူညီပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ Blood Money က ပြောကြားလိုက်ပါတယ်။
Read More

KK Park နဲ့ ပတ်သက်ပြီး KNU အပေါ် စစ်တပ်၏ စွပ်စွဲမှုများကို တုံ့ပြန်သွားမည်ဟု ပဒိုစောတာနီး ပြော

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။