စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၉ ရက် ဒီနေ့ ​နေ့လယ်ပိုင်းမှာ က​လေးဝမြို့နယ်ရှိ ကျွဲနန်၊ ဆင်​ခေါင်းနဲ့ ဂဇက် ​ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက Y-12 ​လေယာဥ်နဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွဲနန်နဲ့ ဂဇက်ရွာတွေက ဒေသခံပြည်သူတွေဖြစ်တဲ့ ၅၈ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ ၅၄နှစ်အရွယ် အမျိုးသမီး ၁ ယောက် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး​ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကလေးဝမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်က သူကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်ပ အသိအမှတ်ပြုတာ မပြုတာ နားမလည်ကြောင်း ဂရုမစိုက်နေဟန်ဖြင့် ပြော

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲအတုကို ပြည်ပ အသိအမှတ်ပြုတာ မပြုတာ သူနားမလည်ကြောင်း နဲ့  ပြည်သူအသိမှတ်ပြုရင်ရပြီလို့ ဒီနေ့မနက် မန္တလေးမြို့ရှိ မဲရုံတွေကို လိုက်လံကြည့်ရှုချိန်မှာ စစ်လော်ဘီသတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။
Read More

ရှမ်းတောင်မှာ PNLA နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဖော်ဆောင်နေ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင် ထားဝယ်တွင် လုံခြုံရေးအပြည့်ဖြင့် မြို့တော်ခန်းမ ဖွင့်လှစ်၊ သူရောက်နေစဥ် ဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က စက်တင်ဘာ ၁၈ရက်မှာ ထားဝယ်မြို့ကို ရောက်ရှိလာပြီး လုံခြုံရေးအပြည့်နဲ့ မြို့တော်ခန်းမ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းစိန်ထောင်က နိုင်ကျဉ်းတွေအပါ အကျဥ်းသား ၅၀၀ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရ

အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ မတရားအကျဉ်းချခံထားရသူတွေ အပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ကျခံနေရတဲ့ အကျဉ်းသား အယောက် ၅၀၀ ကို နိုဝင်ဘာ ၃၀ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။