စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၇ ယောက် သေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က သတင်းဖော်ပြထားပါတယ်။

ဧပြီ ၂၇ ရက် ညနေပိုင်းမှာ ကလေးမြို့နယ် တောင်ပိုင်းရှိ ကြံသာရွာစခန်းကို ပြန်လည်ရရှိရေး စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၂၇ ယောက် သေဆုံးပြီး လက်နက် (၈)လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို ဒဏ်ရာရစစ်သားတွေကို အကြမ်းဖက်စစ်တပ်က ပြန်လည်သယ်ဆောင်တာတွေရှိပေမယ့် တချို့ကို ပစ်သတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ Chinland Information Center)

တိုက်ပွဲမှာ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12၊ MI-35၊ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှု များစွာ ပြုလုပ်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုအတွင်း နတ်ချောင်း၊ နတ်မြောင်း၊ အောင်ချမ်းသာ၊ သံဖို နဲ့ ငါးဖ စတဲ့ရွာတွေပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲကို CNA၊ CDF KKG၊ CDF – Vakok၊ MCR နဲ့ အမှတ်(၁) စစ်ဒေသ စတဲ့ တော်လှန်ရေးတပ်တွေက အကျအဆုံးမရှိဘဲ ရွတ်ရွတ်ချွံချွံ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ကြံသာရွာစခန်းဟာ CDF KKG ရဲ့ Major Operation အတွင်း သိမ်းဆည်းရရှိထားတဲ့ စခန်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

0 Shares:
You May Also Like
Read More

ရှမ်းတောင်မှ PDF တပ်ရင်း ၂ ခု NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး စုဖွဲ့မှုပုံစံအသစ် လုပ်မည်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်လှုပ်ရှားတဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ဟာ  အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တပ်ရင်းနှစ်ခုလုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် KIA ရဲဘော်များ၏ မင်္ဂလာဆောင်အခမ်းအနား

ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော်တွေရဲ့ မင်္ဂလာပွဲအခမ်းအနားကို မေ ၇ ရက် မနေ့က KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

NLD ဒုဥက္ကဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနား ဩစတြေးလျမှာ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Werribee မှာ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ (၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တလပြည့် အောက်မေ့ဖွယ် အခမ်းအနား" ကို နိုဝင်ဘာလ (၉)ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာ စစ်တပ်ဂိတ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ဖြူးပကဖ ကျဆုံးရဲဘော် ရဲ့ စျာပနကို ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံ သွားရောက် ဦးညွှတ်ဂုဏ်ပြု

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ရဲဘော်ရဲ့ စျာပနကို ပဲခူးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ သွားရောက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရဟတ်ယာဉ် ကိုယ့်ဘာသာ ပျက်ကျတာပါဆိုတဲ့ စစ်ကောင်စီ၏ ပြောဆိုချက် ဖြစ်နိုင်သလား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူသွားတဲ့ Mi 17 ရဟက်ယာဉ် ၃စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာမှာ ရဟက်ယာဉ် တစ်စီး မီးလောင်ပျက်ကျပြီး တစ်စီးကတော့ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။