စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာမှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာကို ကင်းလှည့်ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို ဧပြီလ ၂၄ ရက် မနက်ပိုင်းမှာ တော်လှန်ရေး တပ်တွေက အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (၇၄၇) တပ်ရင်းက တပ်ကြပ်ကြီး ချင်းလေး အပါအဝင် စစ်သား စုစုပေါင်း (၁၃) ယောက် နေရာမှာတင် သေဆုံးသွားတယ်လို့ မျက်မြင်အရရော ဖရဲသီး သတင်းကနေပါ အတည်ပြုနိုင်ခဲ့တယ်လို့ Black Falcon Guerrilla Forces က ဆိုပါတယ်။

မိနစ် ၂၀ ကျော်ခန့် ကြာမြင့်ခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေ ကျည်မလုံလောက်တာအပြင် နမခ က တက်လာတဲ့ စက်တပ် လေထီး နဲ့ Mi 35 ပစ်ကူ အပါအဝင် ကျောက်စစ်ပုံ အမြှောက်တပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး စစ်ကူစစ်ကြောင်းတွေပါ ရောက်ရှိလာတာကြောင့် လက်နက်တွေ မကောက်ယူနိုင်ခဲ့ဘဲ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပ.က.ဖ ဦးဆောင်မှုနဲ့အတူ Black Falcon Guerrilla Force ၊ Tribal Force ၊ တိုက်နယ် (၅) ပကဖ ၊ မုံရွာခရိုင် တပ်ရင်း (၁) ၊ God of Monywa ၊ Gold Eagle ၊ Sun King Envoy ၊ God of Snake ၊ ယက္ခတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၁ ဦးသေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်လံတွင် မိုင်းကွင်းစစ်သည့် ခြေလျင်စစ်သားများ တိုက်ခိုက်ခံရကာ ဗိုလ်လေးအဆင့်ရှိသူအပါ ၁၆ ဦးနီးပါး သေ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မိုင်းကွင်းလာစစ်တဲ့ အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ဗိုလ်လေးအဆင့်ရှိသူအပါအဝင် ၁၆ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Yoma Fighter Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…

အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် Eagle

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ်ထဲက အကြမ်းဖက်စစ်သား ၃ယောက် ဒေသခံဆိုင်ကယ်တွေကို လုယူပြီး လက်နက်နဲ့အတူ ဧရာဝတီတိုင်းဘက် ထွက်ပြေး

အရက္ခတပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၃ ယောက်ဟာ ချိုင်ကောက်ရွာက ဆိုင်ကယ်၂ စီးကိုယူပြီး ဧရာဝတီတိုင်းဘက် ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။