စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Black Falcon Guerrilla Forces ထံက သိရပါတယ်။

ဧပြီလ ၂၄ ရက် မနက်ပိုင်းက အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတဲ့ ခိုးသန်းရွာကို အကြမ်း ဖက်စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတဲ့အတွက် ရွာအဝင်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ မိနစ် ၂၀ ကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဦးဆောင်ပြီး မုံရွာခရိုင် အမှတ် (၁) တပ်ရင်း တိုက်နယ်(၅)ပကဖ၊ Tribal Force၊ Black Flacon၊ God Of Monywa၊ Golden Eagle၊ Sun King Envoy၊ God of Snake၊ ယက္ခတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုင်းဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်က ကြိုးပမ်းနေတဲ့ တရားမဝင် အတုယောင်‌ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ General Strike Coordination Body မှ ယနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ အထိနာသွားသည့် စစ်ကောင်စီတပ်က ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ မြိုင်မြို့နယ်ဘက်သို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငွေတွင်းပျူစခန်း ကင်း ၂ ခုကို တော်လှန်တပ်တွေ စီးနင်းတိုက်ခိုက်မှု ပျူစောထီး ၁ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူစခန်း ကင်း၂ ခုကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် မောတောင်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းထိုးကာ အပြင်းအထန်တိုက်ခိုက်လာတဲ့အတွက် ဒေသခံပြည်သူတွေ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေစကြိုမှာ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ရေစကြိုမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။