ငလျင်ဒဏ်အကြား မီးလောင်ပျက်စီးခဲ့တဲ့ အဖြေလွှာတွေအတွက် ကျောင်းသားကျောင်းသူတွေကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ ပညာရေး CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘတွေက စစ်ကောင်စီကို ပြောဆိုဝေဖန်နေ​ကြပါတယ်။

မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်း Grade 12စာမေးပွဲအဖြေလွှာ၃သိန်းကျော်လည်း မီးထဲပါသွားခဲ့ရာစစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက အဖြေလွှာတွေအတွက် စာမေးပွဲပြန်လည်ကျင်းပဖို့ ပြောကြားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ မီးလောင်သွားတဲ့ အဖြေလွှာတွေအတွက် လာမယ့် ဇွန်လအတွင်း စာမေးပွဲပြန်လည်ကျင်းပဖို့ရှိနေပြီး မီးလောင်ရာမှာပါသွားတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နဲ့ ကချင်ပြည်နယ်တို့က အဖြေလွှာရှင်တွေ ပြန်လည်​​ဖြေဆိုရမယ်လို့ သိရပါတယ်။

စာမေးပွဲအ​ဖြေလွှာတွေ ပျက်စီးကုန်တာဟာ လူပုဂ္ဂိုလ်ပယောဂမပါဘဲ သဘာဝဘေးဒဏ်ကြောင့် ဖြစ်သလို ကျောင်းသူကျောင်းသားတွေအဖို့  နှစ်ဝက်စာမေးပွဲတွေ ဖြေဆိုထားပြီးဖြစ်တာကြောင့် လုံးဝအအောင်ပေးသင့်တယ်လို့လည်း CDM ပညာရေးဝန်ထမ်းတစ်ယောက်က မောင်းကိုပြောပါတယ်။

“တကယ်တော့ တက္ကသိုလ်ဝင်တန်း၊ အရင် စနစ်ဟောင်း ၁၀တန်း စနစ်မှာကတည်းက ပညာသင်နှစ် တစ်နှစ်မှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပထမ နှစ်ဝက်၊ ဒုတိယနှစ်ဝက် ဆိုပြီး စာမေးပွဲတွေ ဖြေရပါတယ်။ အခု မီးလောင်တယ် ဆိုတာကလည်း တစ်‌စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးပစ်တာမှ မဟုတ်တာ။ ပြန်ဖြေခိုင်းခြင်းက မမျှတဘူးလို့ ထင်ပါတယ်။ ကလေးတွေ ဖြေထားတဲ့ အဖြေလွှာတွေ မီးထဲပါသွားရင်လည်း သူတို့ ကျောင်းတွေမှာ ပထမ နှစ်ဝက်၊ ဒုတိယ နှစ်ဝက် အဖြေလွှာတွေနဲ့ အမှတ်စာရင်းတွေ ကျန်သေးတာမို့ ကလေးတွေရဲ့ အောင်/ရှုံး ရလဒ်ကို အဲ့ အဖြေလွှာတွေနဲ့ ပြန်လည် စစ်ဆေး အတည်ပြုပေးတာမျိုးလည်း လုပ်မယ်ဆိုရင် လုပ်လို့ရပါတယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကတော့ အခုဧပြီလကုန်ကနေ ဇွန်လအထိ Camp ပုံစံသဘောမျိုးနဲ့ အနီးကပ် စာပြန်နွှေးပေးမယ့်အကြောင်း၊ အချိန်တစ်လခွဲကြာ ပြင်ဆင်ချိန်ရကြောင်းပြောကြားထားပါတယ်။

“သူတို့ဘယ်လိုပြောပြော တချို့ ကလေးတွေက တစ်နယ်တကျေးကနေ မြို့ပေါ်ကိုလာပြီး ကျောင်းလာတက်ကြ၊ စာမေးပွဲဖြေပြီးမှ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြတာမျိုးတွေ ရှိတယ်။ အဲ့လို နယ်က ကလေးတွေအတွက် မြို့ပေါ်ပြန်တက်လာပြီး စာပြန်နွှေး၊ စာမေးပွဲပြန်ဖြေဖို့ ဆိုတာ တကယ် မလွယ်တော့ပါဘူး။ မဖြစ်မနေ ပြန်ဖြေရမယ်ဆိုရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ ကျောင်းအလိုက် Camp သွင်းပြီး ကုန်ကျစရိတ် ထောက်ပံ့မှုမျိုး၊ နေစရိတ်၊ စားစရိတ် ထောက်ပံ့တာမျိုးနဲ့ စီစဉ်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါလည်းပဲ ဒီလောက် ပေါ်တာဆွဲနေတဲ့အချိန်ကြီးမှာ မိဘတွေအနေနဲ့ Camp သွင်းတဲ့ဆီကို စိတ်ချလက်ချ ပို့နိုင်မယ်တော့ မထင်ပါဘူး” လို့ CDM ပညာရေးဝန်ထမ်းတစ်ယောက်က မောင်းကိုပြောခဲ့ပါတယ်။

ပြန်လည်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇွန် ၁၆ ရက်ကနေ ဇွန် ၂၁ ရက်အထိ ကျင်းပမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စာမေးပွဲ ဖြေဆိုရမယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ ဖြေဆိုခွင့်ကတ်တွေကို တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးတွေထံမှာ ဇွန် ၁ ရက်ကနေ ၁၅ ရက်အတွင်း ထုတ်ယူရမယ်လို့လည်း ဖော်ပြထားပါတယ်။

ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့် အဖြေလွှာတွေပျက်စီးခဲ့ရမှုအပေါ် စာမေးပွဲ ပြန်လည်ကျင်းပမယ့်အစား သက်ဆိုင်ရာ တက္ကသိုလ်အလိုက် သို့မဟုတ် ဘာသာရပ်အလိုက် လိုအပ်တဲ့ အရည်အချင်း စိစစ်ရွေးချယ်တဲ့စနစ်ကို လုပ်ဆောင်ဖို့ကိုလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းတောင်းဆိုထားပါသေးတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီး ၃ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ… ကန်နီရွာ ပျူခေါင်းဆောင်က မိန်းမပျိုများကို လက်နက်ဖြင့် ခြိမ်းခြောက်သားမယားပြုကျင့်နေဟု ဆို….

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်ကြီးအဆင့်အပါ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိ

ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မှတ်ပုံတင် ၈/ ဖြစ်တာကြောင့် PDF အဖြစ် စွပ်စွဲခံရပြီး စစ်တပ်ထဲ ဆွဲခေါ်ခံခဲ့ရသူ ပြန်လည်လွတ်မြောက် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကော့သောင်းတွင် စစ်မေးဖို့ခေါ်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။