မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁ ရက်ကနေ ဧပြီလ ၂၉ ရက်အထိ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ အမျိုးသမီး (၃၆) ယောက်နဲ့ အမျိုးသား (၇၃) ယောက် စုစုပေါင်း (၁၀၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ တစ်နှစ်အရွယ် ယောကျာ်းလေးတစ်ယောက် အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၅) ယောက် ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

အဆိုပါ သေဆုံးသူတွေထဲ အယောက် (၆၀) ဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၁၅) ယောက်ကတော့ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက် ညပိုင်းမှာလည်း ပေါက်မြို့နယ်၊ မြောက်ဘက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ယောက် ကျည်စထိမှန်ကာ နေရာမှာပဲ သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးရော လေကြောင်းဖြင့်ပါ တိုက်ခိုက်၊ ကလေးငယ်အပါ ၂ဦး သေဆုံးပြီး နို့စို့ကလေးအပါ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဝေါရွာသစ်ကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ယောက်အပါအဝင် အရပ်သား ၂ယောက် သေဆုံးပြီး နို့စို့ကလေးအပါ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY -PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

Simple Blogတောင်ခမ်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဓာတုဗုံးတွေ အသုံးပြုတိုက်ခိုက်

ရှမ်းမြောက်ဒေသ၊ နောင်ချိုက တောင်ခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်) က ထုတ်ပြန်ပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်စွဲထားသည့် မိုးဗြဲက ကတ်သလစ်ကျောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၇ ဦး သေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်၊ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကတ်သလစ် ဘုရားကျောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး သေနတ် ၅ လက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။
Read More

အချုပ်ခန်းဖောက်ပြေးတဲ့ ပျူစောထီး ၂ ယောက်ကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အဖြေလွှာများ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမည့်ကိစ္စဟာ တာဝန်ယူမှုမရှိသည့် ဖြေရှင်းချက်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်

ပြီးခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့မှုအပေါ် စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။