ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊ မဟုာချိုင်မှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် ဘား၊ ကာရာအိုကေနဲ့ ဘိလိယပ်ခုံတို့ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြတယ်လို့ ထိုင်းသတင်းဌာန Khaosod English ကနေ ဖော်ပြထားပါတယ်။

မနေ့က ဧပြီလ ၂၈ ရက် ညနေပိုင်းမှာ စမွတ်စခွန်ပြည်နယ် အုပ်ချုပ်ရေးမှူး၊ အလုပ်သမားဝန်ကြီးဌာနက စစ်ဆေးရေးမှူးတွေ၊ ထိုင်းရဲ၊ စစ်သားနဲ့ သက်ဆိုင်ရာ အစိုးရအရာရှိတွေ အပါအဝင် အင်အား ၂၀၀ ကျော် ပါဝင်တဲ့အဖွဲ့က အဆိုပါ တရားမဝင် ဖျော်ဖြေရေးနေရာအဖြစ် ဖွင့်လှစ်ထားတဲ့ ဂိုထောင်ကြီးကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဂိုထောင်ထဲမှာ ဘား၊ ကာရာအိုကေနဲ့ ဘိလိယက်ခုံတွေကို မြန်မာနိုင်ငံသားတွေအတွက် တစ်နာရီ ၂၅၀ နှုန်းနဲ့ သီးသန့်ဖွင့်လှစ်ပေးထားပြီး VIP အခန်းထဲကနေလည်း မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးရေးအဖွဲ့ဟာ ဆိုဖာကုလားထိုင်တွေနဲ့ အဆောက်အအုံအတွင်း ဝှက်ထားတဲ့ စိတ်ကြွဆေးပြားတွေ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ခဲယမ်းပါဝင်တဲ့ လက်နက်တွေလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် တည်းခိုရာ ဟိုတယ်အတွင်းထိ ထိုင်းကျောင်းသားတစ်ဦး သွားရောက်ဆန္ဒပြ 

ထိုင်း တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ယောက်ဟာ ဒီညနေ ၄း၃၀ ခန့်အချိန်မှာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ ရှန်ဂရီလာဟော်တယ်ကို သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံ တက်ကြွစွာ အားပေးကူညီနေဟု Justice For Myanmar ထုတ်ပြန်

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို တက်တက်ကြွကြွ အားပေးကူညီနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။  
Read More

အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်အလှူငွေတွေကို စောင့်ကြည့်ဖို့လိုအပ်ဟု သတိပေး

အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

မဲဆောက်ဈေးတွင် မြန်မာဈေးသည် ရန်ပွဲများဖြစ်ပွားပြီးနောက် ဈေးတစ်ခုလုံး ဝင်ရောက်စစ်ဆေးခံရကာ အထောက်အထားမဲ့များ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မဈေးမှာ မြန်မာဈေးသည်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီးနောက် ထိုင်းအာဏာပိုင်တွေက မဲဆောက်ဈေးရှိ မြန်မာဈေးသည်တွေကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေက သတင်းဖော်ပြထားပါတယ်။
Read More

ဂျပန် ဆေးဘက်ဆိုင်ရာနည်ပညာအဖွဲ့ မြန်မာပြည်ကိုရောက်ရှိလာ

ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးဝါးကုသပေးဖို့ ဂျပန်ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲ့ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ JICA Myanmar ကထုတ်ပြန်ပါတယ်.။
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။