စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးကာ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၀ ရက် မနက်ပိုင်းမှာ ချောင်းဦးမြို့​မရဲစခန်းကနေ ချောင်းဦးမြို့အရှေ့ဘက် ဟန်သစ် ဆီဆိုင်အနီး ငါးယှန်ကျေးရွာ မြောက်ဘက်ကို ထွက်လာတဲ့ အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်းတွဲ ၁၀ ရှိတဲ့ မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေဆုံးပြီး ၄ ယောက် ပြင်းထန်ဒဏ်ရာရကာ ၃ ယောက်က အသေးစားဒဏ်ရာတွေ ရရှိသွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် နေ့လယ်ပိုင်းမှာတော့ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ သံပြားကာကား ၈ စီး ထွက်လာတဲ့ သတင်းရရှိတာကြောင့် အသင့်ထောင်ထားတဲ့ ၁၀ လုံးပါ ပဒေသာမိုင်းတွဲ့ ၂ တွဲ၊ စုစုပေါင်း မိုင်းတွဲဲအလုံး ၂၀ နဲ့ ရှေ့ဆုံးကားနှစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီ ယာဉ်တန်းရဲ့ ပထမ ကားနဲ့ ဒုတိယမြောက်ကားကို တည့်တည့်ထိမှန်ခဲ့ပြီး ပထမကားဟာ နေရာမှာတင် ထိုးရပ်သွားခဲ့ပါတယ်။ ဒုတိယမြောက်ကားကတော့ သံပြားတွေ လွင့်စင်သွားသလို စစ်ကောင်စီတပ်သား၂ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ချောင်းဦးမြို့မရဲစခန်းကနေ လုံခြုံရေးယူပေးဖို့ ထွက်လာတဲ့ အင်အား ၅၀ ကျော်ရှိ စစ်ကောင်စီတပ်ကို နေ့လယ်ပိုင်းမှာပဲ ဒရုန်းနဲ့ (၄)ကြိမ်၊ ဗုံးသီး ၂၄ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို လျှပ်စီးတပ်ခွဲနဲ့ Nway Oo Brother Coloum(နွေဦးညီကိုများစစ်ကြောင်း)၊ မုံရွာခရိုင် ပကဖ Drone လက်ရုံးတပ်၊ Royal Tiger Forceပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာမှာ စစ်ကြောင်းထိုးခြင်းမရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ သားအမိ နှစ်ယောက် သေဆုံးခဲ့ရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

ပြည်သူ ၇၁ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်သာ အတည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို တရားဝင်မှုပေးသည့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လက်ရှိ စစ်အုပ်စု ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲကသာ ပြည်သူလူထုဆန္ဒနဲ့အညီ တည်ရှိနေဆဲဖြစ်ကြောင်း မနေ့က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်ဆင်ဖို့ ဘတ်ဂျတ်မရှိလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေ

မြို့ကြီးတွေကို အဓိက ဓာတ်အားဖြန့်ဖြူးနေတဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းအတွင်းကဓာတ်အားပေး စက်ရုံကို ပြင်ဆင်ဖို့ဘတ်ဂျတ်မရှိတာကြောင့် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးရွားလာတာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အတွင်းသတင်းတွေအရ သိရှိရပါတယ်။
Read More

ဝမ်းတွင်းတွင် ဘော်ဒါနေ ကျောင်းသားပါမချန် စစ်ကောင်စီ ပေါ်တာဆွဲဖမ်းဆီး၊ စစ်ရှောင်လာသူများကို လက်မခံကြဖို့လည်း စစ်တပ်နှင့် ရပ်ကွက်အာဏာပိုင်များက လိုက်လံအမိန့်ပေးနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီက မြို့အနှံ့ပတ်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့စဥ်ရက်ဆက် လုပ်ဆောင်နေသလို စစ်ဘေးရှောင်လာသူတွေကိုလည်း မြို့နယ်အတွင်း လက်မခံဘဲ မောင်းထုတ်နေကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။