စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာမှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာကို ကင်းလှည့်ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို ဧပြီလ ၂၄ ရက် မနက်ပိုင်းမှာ တော်လှန်ရေး တပ်တွေက အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (၇၄၇) တပ်ရင်းက တပ်ကြပ်ကြီး ချင်းလေး အပါအဝင် စစ်သား စုစုပေါင်း (၁၃) ယောက် နေရာမှာတင် သေဆုံးသွားတယ်လို့ မျက်မြင်အရရော ဖရဲသီး သတင်းကနေပါ အတည်ပြုနိုင်ခဲ့တယ်လို့ Black Falcon Guerrilla Forces က ဆိုပါတယ်။

မိနစ် ၂၀ ကျော်ခန့် ကြာမြင့်ခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေ ကျည်မလုံလောက်တာအပြင် နမခ က တက်လာတဲ့ စက်တပ် လေထီး နဲ့ Mi 35 ပစ်ကူ အပါအဝင် ကျောက်စစ်ပုံ အမြှောက်တပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး စစ်ကူစစ်ကြောင်းတွေပါ ရောက်ရှိလာတာကြောင့် လက်နက်တွေ မကောက်ယူနိုင်ခဲ့ဘဲ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပ.က.ဖ ဦးဆောင်မှုနဲ့အတူ Black Falcon Guerrilla Force ၊ Tribal Force ၊ တိုက်နယ် (၅) ပကဖ ၊ မုံရွာခရိုင် တပ်ရင်း (၁) ၊ God of Monywa ၊ Gold Eagle ၊ Sun King Envoy ၊ God of Snake ၊ ယက္ခတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆင်မြီးဆွဲမြို့ စိုက်ပျိုးရေးစခန်းမှာ တပ်ဆွဲနေသည့် စစ်ကောင်စီတပ်သားများ ဝင်ရောက်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့က စစ်ကောင်စီတပ်သားတွေ တပ်ဆွဲနေတဲ့ စိုက်ပျိုးရေးစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီကို  အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံး ကြိုးစားဆောင်ရွက်ဖို့ အရေးကြီးဟု ဆို 

စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို  အရေးယူနိုင်ဖို့ တော်လှန်ပြည်သူတွေအားလုံး ကြိုးစားဆောင်ရွက်ကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ထုတ်ပြန်ပါတယ်။ 
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်တပ်က ၇ ဦးထက်မနည်း သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၇ ယောက်ထက်မနည်း သေပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Southern Eagle PDF က ထုတ်ပြန်ထားပါတယ်။
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဖွဲ့စည်းအပြီး ရန်ကုန်မှာ မီးပျက်ချိန်ထပ်တိုး

စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် ဖွဲ့စည်းလိုက်ပြီးနောက် ရန်ကုန်မှာ လျှပ်စစ်မီး အလှည့်ကျပေးနေတဲ့ စနစ်ထဲ မီးပျက်ချိန်တစ်ချိန်ကို ထပ်မံ တိုးမြှင့်လိုက်ပါတယ်။