စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Black Falcon Guerrilla Forces ထံက သိရပါတယ်။

ဧပြီလ ၂၄ ရက် မနက်ပိုင်းက အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတဲ့ ခိုးသန်းရွာကို အကြမ်း ဖက်စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတဲ့အတွက် ရွာအဝင်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ မိနစ် ၂၀ ကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဦးဆောင်ပြီး မုံရွာခရိုင် အမှတ် (၁) တပ်ရင်း တိုက်နယ်(၅)ပကဖ၊ Tribal Force၊ Black Flacon၊ God Of Monywa၊ Golden Eagle၊ Sun King Envoy၊ God of Snake၊ ယက္ခတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ် အိုးဘိုနဲ့ ချီပါရွာကြား အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်မှု တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အိုးဘိုနဲ့ ချီပါရွာကြားမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ရွှေဘိုတိုက်နယ် ၅ ဂဠုန်ကြီး ပြည့်သူ့ကာကွယ်ရေးအဖွဲ့ ပကဖထံက သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း PLA ထပ်မံထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ (၂) ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိ အကြမ်းဖက် ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄၃ ယောက် ဖမ်းဆီးရမိပြီး ၃၅ ယောက်သေဆုံးကာ လက်နက်အများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်က အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဘုတလင်-ကူတော် လမ်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ BOB - Battalion Of Budalin တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းဂိတ်အား တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေပြီး ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အနောက်အထွက်ရှိ အကြမ်းဖက်ကောင်စီတပ်သား အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ထံက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း အရပ်သားများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းပြုလုပ်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာ (ရုပ်/သံ)

စစ်ကော်မရှင်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို People's Defence Force-Meikhtila က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီတပ်စခန်းများကို KPLA နှင့် Federal Wings တို့ ပူးပေါင်းတိုက်ခိုက်မှု (ရုပ်/သံ)

ကရင်နီပြည်မှာ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) KPLA နဲ့ Federal Wings တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ မှတ်တမ်းရုပ် သံဖိုင်တချို့ ထုတ်ပြန်လိုက်ပါတယ်။