မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။

“ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် – ၉/၂၀၂၅” မှာ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာပြည်သူလူထုအပေါ် မအလနဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အရေးကြီးပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထား မယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့ လုပ်ငန်းစဥ်ကို ထိရောက်စွာ ကူညီပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာပြောကြားချင်ပါတယ်။ မြန်မာ့အကြပ်အတည်း ပြေလည်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။” လို့ ဦးကျော်ဇော်က ပြောကြားထားပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ ဧပြီ ၁၈ ရက်မှာ တရားဝင် တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့လည်း တော်လှန်ရေး ၄ နှစ်တာအတွင်းမှာ အာဆီယံရဲ့ ပထမဆုံးအကြိမ် တရားဝင် ဆက်သွယ်ဆွေးနွေးမှုကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီဖို့ ပျက်ကွက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေကို အနှောင့်အယှက်ပေးတာတွေ ရှိသလို အကူအညီတွေကို တားဆီးပိတ်ပင်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဦးကျော်ဇော်က ပြောပါတယ်။

နိုင်ငံတကာ၊ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ အကြမ်းဖကစစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်တွေကနေ အမြတ်ထုတ်မှုတွေကို သတိထား စောင့်ကြည့်ကြဖို့အတွက်လည်း ဦးကျော်ဇော်က တိုက်တွန်းပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝင်းကံကျေးရွာနှင့်ကရဝေးဆိပ်ရွာများတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ( ၁ ) ဦးသေ၊ ( ၄ ) ဦးဒဏ်ရာရ၊ နေအိမ် ( ၁၉ ) လုံးထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရကာ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည်

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
Read More

သပိတ်ကျင်းတွင် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတစ်ပါး ပျံလွန်တော်မူ၊ ပြင်ဦးလွင်ခရိုင်ကို နေ့တိုင်းနီးပါး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။