စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ People’s Healthcare Network (Kalay) ရဲ့ Medical Centre (2)၊ PHN (Kalay) ကို ဖွင့်လှစ်ထားပြီး ဒေသခံပြည်သူတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။

People’s Healthcare Network (Kalay)အနေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်နိုင်အောင် ကလေးမြို့နယ်တောင်ပိုင်းမှာ People’s Healthcare Network (Kalay) ရဲ့ Medical Centre (2)၊ PHN (Kalay) ကို (၂၀၂၂)ခုနှစ်၊ ဇူလိုင်လ(၁)ရက်ကစလို့ ဖွင့်လှစ်ထားရှိထားတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း People’s Healthcare Network (Kalay) ရဲ့ Medical Centre (2)၊ PHN (Kalay) မှာ ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အရေးပေါ်ဆေးဝါးကုသမှုတွေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

PHN (Kalay) ရဲ့ အဆိုပါကျန်းမာရေးစင်တာမှာ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒေသခံပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း အယောက် (၁၅၀) နဲ့ ငါးနှစ်အောက်ကလေးလူနာ (၁၃) ယောက်တို့ကို လိုအပ်တဲ့ ဆေးဝါးပြုစုကုသမှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ ရွေးကော်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလထဲ စစ်ကောင်စီဗုံးကြဲလို့ ယောမှာ YPDF တပ်ဖွဲ့ဝင်၂ ယောက် အပါအဝင် ၁၀ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ရာ YPDF တပ်ဖွဲ့ဝင်၂ယောက်နဲ့ ​အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။
Read More

လက်နက်ကိုင်လူတစ်စု သတ်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနား

လက်နက်ကိုင်လူတစ်စုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၂ နာရီ၊ ပြင်ဦးလွင်မြို့ ၇ မိုင်သုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ရခိုင်ဘက်ပို့ဆောင်ခံရချိန် ထွက်ပြေးအလင်းဝင်လာသည့် စစ်သက်တမ်း နှစ် ၂၀ ရှိ တပ်ကြပ် ၁ ဦးကို မုံရွာပကဖ စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကာလဝမ်းရောဂါအခြေအနေကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လပိတ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို တစ်လပိတ်မယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။