အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊ သင်တန်းသူတွေ စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ရဲ့ သင်တန်းကို တက်ရောက်လိုသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ကျန်းမာရေးကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကာ ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနဲ့ မွမ်းမံသင်တန်းတွေကိုပါ ပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ဖို့ လိုပြီး သင်တန်းပြီးဆုံးရင် တာဝန်နဲ့ စုဖွဲ့မှုအတိုင်း တောင်ပိုင်းစစ်ဒေသရဲ့ ဘယ်လိုနေရာမျိုးမှာမဆို တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ SOF က ဆိုပါတယ်။

ဒါ့အပြင် MOD က ချမှတ်ထားတဲ့ စစ်စည်းကမ်းကျင့်ဝတ်တွေနဲ့ SOF စည်းမျဥ်းစည်းကမ်းတွေကို တိကျစွာ လိုက်နာဖို့လိုသလို အနည်းဆုံး ၂ နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး လိုအပ်ရင် ထပ်တိုး ၂ နှစ် တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ဆိုပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF အနေနဲ့ အထူးတပ်ဖွဲ့နဲ့ တပ်ရင်းတွေ တိုးချဲ့ဖွဲ့စည်းပြီး ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါအဝင် တောင်ပိုင်းစစ်ဒေသရဲ့ အရေးပါတဲ့ စစ်ဆင်ရေးနယ်မြေတွေမှာ မဟာမိတ် တိုင်းရင်သားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းတွေ၊ MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေ၊ LPDF တွေနဲ့ အတူလက်တွဲပြီး ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမှာ စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲဖို့ ကြိုးစားပေမယ့် ဘတ္ထရီလိုအပ်ချက်ကြောင့် မိုင်းမကွဲမှုတွေ ရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ကာ ဂိတ်ထောင်ဆက်ကြေးကောက်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အောင်သပြေရဲဝန်းထဲကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အောင်သပြေ ရဲဝန်းထဲကို ၄၀ မမ (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခြင်းအခမ်းအနား ရှေ့တန်းတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

လေးလတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၆၀ ကျော် သေဆုံးခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၄  စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ၄လတာမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှု ၄၄ ကြိမ်အတွင်း အရပ်သား ၃၆၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီးတစ်ယောက် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၆ ယောက် ဖမ်းဆီးရမိ

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီး အပါအဝင် စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း ၆ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

MNDAA ၏ ၂၀၂၅ ခုနှစ် အပတ်စဉ် (၁) အခြေခံ (တတိယတပ်ခွဲ) ဆင်းပွဲအခမ်းအနား…

ကိုးကန့်တပ်မတော် (MNDAA) ရဲ့မဟာမိတ်တပ်တော် စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။