ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မူးမြို့နယ်အတွင်း ဧပြီလ (၂၄)ရက် မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ခမရ-၄၃၉ တပ်ရင်းက သစ်ဖြူဆိပ်ကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ပြီး နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီတပ်က တံခွန်တိုင်ကနေ (၁၂၀)မမ (၁၄)လုံး ပစ်ခတ်ခဲ့ရာ လေးအိမ်စုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး (၇၀)နှစ်အရွယ် အမျိုးသား ၁ ယောက် ထိခိုက်သေဆုံးခဲ့တဲ့အပြင် အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) ပူးပေါင်းတပ်တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီလေတပ်ကနေ အကြိမ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်လို့ KNU က ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာတွေဖြစ်တဲ့ (၁)လိပ်ကုလားကျေးရွာ ၊ (၂) စံဒွန်းကုန်း ၊ (၃) ကွမ်းဆိပ်ကျေးရွာ၊ (၄) ကျုံချောင် ၊ (၅) ညောင်ခြေထောက်ကျေးရွာ၊ (၆) ဝင်းကံကျေးရွာ ၊ (၇) ရှမ်းစု / ဇလုပ်ကြီးကျေးရွာတွေက အိမ်ခြေစုစုပေါင်း (၈၅၅) အိမ်က လူဦးရေ (၄၁၉၆) ယောက်က ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကရင်နီမှာ လက်လွှတ်ထားရတဲ့ ဒေသတွေကို စစ်ကောင်စီ အင်အားဖြည့် ထိုးစစ်ဆင်ဖို့ပြင်ဆင်နေ

နယ်မြေအမြောက်အမြား လက်လွှတ်ထားရတဲ့ ကရင်နီဒေသမှာ စစ်​ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားအမြောက်အမြား ဖြည့်တင်းနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ကို ဆေးဝါးမလုံလောက်မှုများကြားမှ ခက်ခက်ခဲခဲ ကုသနေရ

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိ‌သူ အယောက် ၁၀၀ ကျော်အတွက် ဆေးဝါး၊ ကိရိယာ လုံလောက်မှုမရှိတဲ့ အခက်အခဲတွေကြားထဲကနေ CDM ကျန်းမာရေးဝန်ထမ်းတွေက အကောင်းဆုံးကုသပေးနေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွေးကောက်ပွဲမှာ မဲပေးဖို့ ဆိုပြီး ပြည်တွင်းပြည်ပ ၅၀၅ (က) များကို အကြမ်းဖက်စစ်တပ် လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်

မဲပေးခွင့်ရှိ‌တဲ့ နိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် စွပ်စွဲဖမ်းဆီးထားတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ သက်သာခွင့်နဲ့ အမှုပိတ်သိမ်းခွင့်ပြုတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

တောင်သာက စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွာစခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဦးရပ်ကွက် စစ်တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ရာနှင့် စစ်ကူကားတို့ကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်၊ ငွေကျပ် ၉၆ သိန်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီလက်​အောက်ခံ ဝန်ထမ်း ၁​၁ ဦးကိုလည်း ဖမ်းဆီးခဲ့ဟု ဆို

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မင်္ဂလာဦးရပ်ကွက် စစ်​တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ယာနဲ့ တပ်ကူလာတဲ့ စစ်ကားတွေကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။