ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက စစ်ရှောင်ကျေးရွာတွေကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာမှာကျန်နေခဲ့တဲ့ ရွာသူရွာသား တချို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဧပြီလ ၂၆ရက် မနက် ၉နာရီခန့်မှာ  ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာထိပ် ကြိုးတံတားပေါ် တက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ထံက သိရပါတယ်။ 

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်လိုက်တဲ့ (၄၀)မမ ဗုံးသီး ၂လုံးနဲ့ လက်နက်ငယ် ကျည်တွေကြောင့် စစ်ကောင်စီတပ်သား ၆ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး တချို့လည်း ဒဏ်ရာရကုန်တယ်လို့ သိရပါတယ်။ 

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ရွာခံတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

“တကယ်တော့ ဗုံးသီးက ၃လုံးပစ်တာ ၂လုံးကကွဲတယ်။ သူတို့ အထိနာသွားတော့ စစ်ကူတွေ ထပ်တက်လာတာ။ ကျနော်တို့ ပြန်ဆုတ်ပေးလိုက်ရတယ်။ သူတို့က အဲ့လိုမျိုး ခိုးနေတာကြာပြီ။ ပြီးတော့ ရွာထဲ ကျန်နေတဲ့ အိမ်စောင့်တွေပေါ့နော် အမျိုးသမီးတွေကို ဖမ်းသွားပြီး ဘုန်းကြီကျောင်းမှာ ထမင်း၊ ဟင်းချက်ခိုင်းတာ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ အမျိုးသားတွေတော့ အခုထိကို ပြန်မလွှတ်ပေးသေးဘူး” လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။ 

အဲဒီနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့သလို ထိတွေ့တိုက်ပွဲတွေလည်း ရှိလာနိုင်တာကြောင့် ပြည်သူတွေ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ထုတ်ပြန်အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မတပ် ဖမ်းဆီးခံထားရသူအား ကယ်ထုတ်သွားသူများနှင့် ကာယကံရှင်ကို စစ်ကောင်စီ ဖမ်းမိပြီဟုဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ က တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး စစ်ကြောင်းမှူးကို သီတင်းကျွတ်ကန်တော့ပွဲ ပြုလုပ်… (ဓာတ်ပုံသတင်း)

သီတင်းကျွတ် ဆရာကန်တော့ပွဲအဖြစ် ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်းက တပ်ဖွဲ့ဝင် ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကို ကန်တော့တဲ့ ကန်တော့ပွဲ ပြုလုပ်ခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မိသားစု၀င်တွေကို ထောက်ပံ့ငွေများ ပေးအပ် (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်တွေရဲ့ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့်ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းဖို့ တိုက်ပွဲများ ရပ်တန့်ပေးကြရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်တွန်း 

နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှု ရှိနေစေဖို့ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်တန့်ပေးကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း - People's Defence Force - South Monywa က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ် သွားမယ့် စစ်ကောင်စီမြေတင်ကားတွေ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။