မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဒေသတွေက ​ပြည်သူတွေကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့ကူညီ​ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ ဧပြီလအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဒေသတွေက သေဆုံးပြည်သူ (၄၂) ယောက်အတွက် တစ်ယောက်ကို သိန်း (၂၀)ကျပ်စီ၊ ထိခိုက်ဒဏ်ရာရပြည်သူ (၄၅) ယောက်အတွက် တစ်ယောက်ကို (၁၅)သိန်းကျပ်စီနဲ့ ပျက်စီးသွားတဲ့ နေအိမ် (၄၂) လုံးအတွက် တစ်လုံးကိုသိန်း (၂၀) ကျပ်စီ၊ စုစုပေါင်း ကျပ်သိန်း (၂,၃၅၅)သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထောက်ပံ့ငွေထဲမှာ တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုရဲ့ ပေးအပ်ငွေ သိန်း (၆၉၀) ကျပ်၊ ပြည်သူလူထုရဲ့ စုပေါင်းထောက်ပံ့ငွေတွေနဲ့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သပိတ်ကျင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ သပိတ်ကျင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်သင့်ပြည်သူများ ကူညီထောက်ပံ့ရေး ကော်မတီ ဖွဲ့စည်းပြီး သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများ ချန်ရစ်ခဲ့သူ မာရဇ္ဇ၏ နောက်ဆုံးခရီး

ပရိသတ်တွေအတွက် ကိုယ်ပိုင်ဂီတအနုပညာတွေ ဖန်တီးပေးခဲ့တဲ့ အဆိုတော် မာရဇ္ဇရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်၊ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီးရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအပြင် သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ခြမ်း PDF အဖြစ် စတင်ဖွဲ့စည်းခဲ့တဲ့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ တပ်ရင်းဖွဲ့စည်းမှု (၄)နှစ်ပြည့်ပြီ…

ဖယ်ခုံအင်းအရှေ့ခြမ်း PDF အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်း- ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆တပ်ရင်း) က တပ်ရင်း ဖွဲ့စည်းမှု ၄ နှစ်ပြည့်ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲနဲ့ လူမှုအကျပ်အတည်းတွေကိုပါ ခံစားနေရဟု UNOCHA က ထုတ်ပြန်

မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် လူမှုအကျပ်အတည်းမျိုးစုံ တပြိုင်နက်တည်း ရင်ဆိုင်ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကအသိပေးထုတ်ပြန်ပါတယ်။ 
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း ‌(၁) နှစ်ပြည့် ကျန်ရစ်သူ ရဲဘော်ရဲဘက်များ ဦးညွှတ်အလေးပြု

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) က လွန်ခဲ့တဲ့ (၁) နှစ်က ကြွေလွင့်သွားခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း‌(၁)နှစ်ပြည့်မှာ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ဦးညွှတ်အလေးပြုခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်တောက မွတ်ဆလင်ဒုက္ခသည်တွေကို AA က စားနပ်ရိက္ခာ ထောက်ပံ့ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်တွေကို ရက္ခိုင့်တပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။