အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်သူ ၁၀၆ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ သက်တမ်းတိုးကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ EU ရဲ့ အရေးယူပိတ်ဆို့မှုတွေကို နှစ်စဉ် သက်တမ်းတိုးလာခဲ့တာပါ။ အခုလည်း အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ အပါအဝင် စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၁၀၆ ယောက် နဲ့ အဖွဲ့အစည်း ၂၂ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုကို ၂၀၂၆ ခုနှစ် ဧပြီလ အထိ ထပ်မံသက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။

ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားတဲ့သူတွေထဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ တရားရေးအဖွဲ့ဝင်တွေ၊ ကြည်း၊ရေ၊လေ စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်ထောက်ခံတဲ့ စီးပွားရေးသမားတွေနဲ့ ခရိုနီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်း နဲ့ ဆက်နွယ်သူတွေ ပါဝင်ပါတယ်။

စီပွားရေးပိတ်ဆို့အရေးယူထားတဲ့ အဖွဲ့အစည်း ၂၂ ခုထဲမှာတော့ စစ်တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင်နဲ့ စစ်တပ်ထိန်းချုပ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ စစ်တပ် နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပါဝင်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာတော့ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပိတ်ဆိုင်မှုတွေကို ချိတ်ပိတ်ခြင်း၊ စီးပွားရေး ဆက်သွယ်လုပ်ဆောင်ပေါင်းစည်းခွင့်တွေ ပိတ်ပင်ခြင်း၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်း အပါအဝင် စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ပိတ်ပင်ခြင်းတွေ၊ ဗီဇာပိတ်ခြင်းတွေနဲ့ ငွေကြေးဆိုင်ရာ ပိတ်ပင်ခြင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝန်းသိုမြို့က စစ်ဘေးရှောင်များအတွက် အရေးတကြီး လိုအပ်နေသည့် အကူအညီများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံလူထုအတွက် အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ပြီးခဲ့တဲ့ဩဂုတ်လထဲမှာ ထောက်ပံ့ကူညီခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန PDF တပ်ရင်း (၈၀၈) မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၈) က မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာစစ်အုပ်စုအတွက် လက်နက်ပွဲစားကုမ္ပဏီ Miya Win က လေကြောင်းပျံသန်းရေးကိရိယာတွေ ကြားခံဝယ်ယူပေးနေ

ဩစတြေးလျကုမ္ပဏီ AXIS Flight Training Systems GmbH က စစ်ကောင်စီကို သဏ္ဍန်တူပျံသန်းလေ့ကျင့်ရေးကိရိယာ(FSTD) ကို ရောင်းချပေးခဲ့ပြီး မြန်မာစစ်အုပ်စုရဲ့လေတပ်က လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ Justice For Myanmar က ထုတ်ဖော်လိုက်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲလို့ ခရီးသည်တင်ယာဉ်တွေကို ထိမှန်၊ ဘုန်းကြီး ၁ ပါး အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ၁၀ ယောက် ထိခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းနဲ့  ဗုံးသီးချတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ ဘုန်းကြီးတစ်ပါးအပါအဝင်  အရပ်သား ၄ ယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

ပခုက္ကူတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

"သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။