မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြှောင်ဂိတ်ကနေ ဝါးစေ့မြှောင်ဂိတ်ကိုလာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေဟာ ဧပြီ ၂၃ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၈ ယောက်သေခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၅ တပ်ရင်းထံက သိရပါ တယ်။

တိုက်ပွဲအတွင်း ဝါးစေ့မြှောင်ဂိတ်ကနေ စစ်ကောင်စီတပ်သားတွေဘက်ကို လက်နက်ကြီး ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ်၅ တပ်ရင်း ၊ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီး)၊ Viper King Column ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး အဖွဲ့(တောင်တွင်းကြီး) တို့ ပူးပေါင်းလုပ်ဆောင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မဲဆောက်တွင် သေနတ်ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိကို ကျူးလွန်သူ၏ မိသားစုနှင့် မိတ်ဆွေများက သွားရောက် တောင်းပန် (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲအရာရှိကို ကျူးလွန်ခဲ့သူ မြန်မာလူငယ်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက သွားရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ် ကော်ကန့်ရွာစာသင်ကျောင်းကို စစ်တပ်လေကြောင်းမှ ဗုံးကြဲချ (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော်ကန့်ရွာစာသင်ကျောင်းကို ဖေဖော်ဝါရီ ၁၃ ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမှာ သပြေရေတောင်ဘုရားကုန်းကို စစ်တပ်လေကြောင်းဗုံးကြဲချ၊ စေတီတော်ပျက်စီးပြီး အရပ်သား ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်က သပြေရေတောင်ဘုရားကုန်းကို ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ၁ လတာအတွင်း ဒရုန်းနဲ့ ဗုံးသီး အကြိမ် ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ဒီဇင်ဘာ ၁၄ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ဒရုန်းနဲ့ ဗုံးသီးအကြိမ်ရေ ၅၀ ကျော်၊ ဗုံးသီး အလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖ ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် သံဇလုံဂိတ်တိုက်ပွဲတွင် ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံးခဲ့ရ တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ ဒုတိယပိုင်းရဲ့ ရှမ်း-မန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပျော်ရွှင်ဖွယ်ပုံရိပ်များ (ရုပ်/သံ)

၁၀၂၇ ဒုတိယပိုင်းရဲ့ ရှမ်း-မန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ ရဲဘော်တွေကို ကြိုဆိုနေကြတဲ့ ဒေသခံပြည်သူတွေရဲ့ ‌‌ပျော်ရွှင်ဖွယ်ပုံရိပ်တွေကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ထုတ်ပြန်လိုက်ပါတယ်။