ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People’s Servant Revolution – Wetlet က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းများ ယူဆောင်ကာ ဘက်ပြောင်းခိုလှုံလာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ သေနတ် ၅ လက်နဲ့အတူ ကျည်ဘောက်အပိုတွေ၊ ကျည်ဆံတွေ ယူလာကာ တော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

ပြည်သူ့ဘက်ရပ်တည်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာကြိုဆိုခဲ့ပြီး ဂုဏ်ပြုငွေတွေ အသီးသီးပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်ဒေသအတွင်း ပြည်သူ့ရင်ခွင်ထံ

ခိုလှုံလိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အမြန်ဆုံး လာရောက်ကြဖို့လည်း ဝက်လက်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက ဖိတ်ခေါ်ထားပါတယ်။

0 Shares:
You May Also Like
Read More

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း ပျူစောထီး ဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပလမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၃ ပတ်ကျော်ကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော်သေပြီး ၄၀ ကျော်ဒဏ်ရာရဟု ဆို…

" ထိတွေ့မှု တော်တော်များများက ပလမြို့ထဲမှာပဲ ဖြစ်ခဲ့တယ်။ သေဆုံးမှုတွေကို မျက်မြင်၊ အလောင်းရရှိမှုနဲ့ ခိုင်မာတဲ့ သတင်းပေးတွေဆီကနေ ရတဲ့ အချက်အလက်တွေနဲ့ အတည်ပြုပါတယ်ဗျ။ လေကြောင်းပစ်ကူက နေ့စဉ်လိုလို ရှိတယ်။ နောက်ဆုံး ၁၂ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တယ်" လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ထိုင်းနယ်စပ်နှင့် ၁ ကီလိုမီတာခန့်သာ အကွာအဝေးရှိ စစ်ကောင်စီ၏ မယ်လတပ်စခန်းကို KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ထိုင်းနယ်စပ်အနီးက ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ အကြမ်းစစ်ကောင်စီတပ်ရဲ့ မယ်လတပ်စခန်းကို မေလ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နဲ့ ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လက်ကျန် စစ်တပ်စခန်း ၃ ခု ကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ၊ ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က မျက်မြင် ၄ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့က ထုတ်ပြန်ပါတယ်။