မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်းကြောင်းလေကြောင်းထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဧပြီလ ၂၂ရက်နေ့ကစလို့ စလင်းမြို့အ​နောက်ဘက် ဝမ်းပြည့်ကျေးရွာကနေ အောက်လှိုင်းကျေးရွာဘက်ဆီ သံချပ်ကာကား ၂ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ဗမာ့တပ်တော်အပါအဝင် တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါ သေဆုံးသူ ၉ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ယောက် ထက်မနည်း ရှိခဲ့တယ်လို့ ဗမာ့တပ်တော်(Bamar- Army) ရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထွန်းက မောင်းကိုပြောပါတယ်။

သံချပ်ကာကားတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြားထိတွေ့တိုက်ပွဲ ၂နာရီကြာဖြစ်ပွားခဲ့ပြီးတော်လှန်ရေးတပ်တွေရဲ့ လက်နက်ကြီးအပါအဝင် ၄၀ မမ ဗုံးသီးတွေနဲ့ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအဆင့်ရှိသူအပါအဝင် ထိခိုက်သေဆုံးသူ များပြားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို ဗမာ့တပ်တော်နဲ့အတူ အမှတ်(၈၀၈)တပ်ရင်းနဲ့ မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်ခဲ့တာလို့လည်း ရဲဘော်ထွန်းက ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကား၁စီး ဝမ်းပြည့်ကျေးရွာရေမြောင်းအတွင်း ထိုးကျသွားတာကြောင့် ပြန်လည်ဆယ်ယူဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့တယ်လို့ သိရပါတယ်။

ဗမာ့တပ်တော် (Bamar-Army) တပ်ဖွဲ့ဝင်များ

ဧပြီလ ၂၅ရက်နေ့ မနက်ပိုင်းမှာတော့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် ထပ်မံထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွါသွားကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်လည်း ဗုံးသီးထိမှန်တဲ့ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲမှာ ဗမာ့တပ်တော်နဲ့အတူ အမှတ် ၈၀၈ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနဲ့ သူနာပြုတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(စလင်း)၊ ဒေါင်းစစ်အောင် LPDF၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“လက်ရှိအခြေအနေအရတော့ စကစရဲ့တပ်တွေဟာ စလင်းမြို့ပေါ်နဲ့ ဆင်ဖြူကျွန်းမြို့ပေါ်တွေလောက်ပဲ တပ်စွဲနေကြပါတော့တယ်။ သူတို့တွေ မြို့အပြင်ကိုမကျော်ရဲတော့ပါဘူး။ ကုန်းကြောင်းရော လေကြောင်းရော တွဲပြီး စစ်ကြောင်းထိုးနေတာလို့ ပြောရပါမယ်။ စလင်းနယ်တစ်ခုလုံးနဲ့ပြောရရင် နေ့စဉ်လောက်ဆိုသလို ထိတွေ့မှုတွေဖြစ်နေပါတယ်။” လို့ ဗမာ့တပ်တော်(Bamar- Army) ရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထွန်းက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ရက်နဲ့ ၂၀ရက်နေ့တွေကလည်း စလင်းမြို့နယ်၊ နွယ်တမယ်ရွာကနေ ရှားတောရွာကိုထွက်လာတဲ့ အကြမ်းဖက်​​စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသလို တော်လှန်ရေးတပ်တွေက ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အရပ်သားသေဆုံးမှုတွေနဲ့ နေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

ထားဝယ် သွားမယ့် စစ်ကောင်စီမြေတင်ကားတွေ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လုပ်သက် ၇နှစ်ရှိတဲ့ ရဲတပ်သားတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား၁ယောက် လက်နက်ကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Earthquake People's Defence Force ထံက သိရပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိနာပြီး ပြန်ဆုတ်သွား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီးစစ်ကောင်စီဘက်က အထိနာကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။